မြေစာများ ဖယ်ရှားပြီးနောက် ကလေး-တီးတိန် လမ်းပြန်ပွင့်ပြီဖြစ်ကြောင်းသိရ
စက်တင်ဘာ ၁၃ ရက်နေ့ ညနေ ၁၁ နာရီ ခန့်မှာ ကားလမ်းကို ပိတ်ဆို့နေတဲ့ မြေစာများ JCB စက်ကြီးဖြင့် ဒေသခံများမှ ဖယ်ရှား နိုင်ခဲ့ပြီးနောက် ကလေး-တီးတိန် ကားလမ်းမကြီး ပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း တီးတိန်ဒေသခံများ ထံမှ သိရှိခဲ့ရပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့ကနေ သည်းထန်စွာ ရွာသောမိုးကြောင့် ကနေဒီ တောင်ခြေရှိ Sialtangtui ချောင်းရေကြီးပြီး မြေစာများ ရေပြွန်ထဲ မဆန့်တော့သည့် အတွက်ကြောင့် ကားလမ်းကြီး ပေါ် တင်နေကာ ၂ ရက် ခန့် လမ်း ပိတ်ဆို့ သွားကြောင်း၊ မိုး ပါးလာသည့် အတွက် ချောင်းရေ ကျလာသည်နဲ့ တပြိုင်နက် JCB စက်ဖြင့် မြေစာ နှင့်…

