ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)ရဲ့ အလှည့်ကျသဘာပတိ နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့တွေ့ဆုံ
စက်တင်ဘာလ ၁၈ ရက်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC)ရဲ့ အလှည့်ကျသဘာပတိ Dr. Kenton(ZFU) နဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တွေ့ဆုံခဲ့ပြီး ချင်းပြည်အရေးကိစ္စတွေ အကျယ်တဝံံ့ဆွေးနွေးခဲ့တယ်လို့ ICNCC ရဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ လာမည့် စက်တင်ဘာလ ၂၁ ရက်နေ့မှာလည်း ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုသံအမတ်အဖြစ် ကုလသမဂ္ဂ(UN )က တရားဝင်အသိမှတ်ပြု ကြေညာဖို့ ဖိအားပေး ဝိုင်းဝန်းလှုံ့ဆော်တောင်းဆို စုရုံးဆန္ဒထုတ်ဖော်ပွဲမှာလည်း Dr. Kenton လည်း ပါဝင်ထောက်ခံတောင်းဆိုသွားမယ်လို့လည်း သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ICNCC ကို Chin World Media ကမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်မရခဲ့ပါ။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို ချင်းပြည်နဲ့ ချင်းလူမျိုးကိုယ်စား နိုင်ငံရေးဆိုင်ရာ လုပ်ငန်းတွေကို…

