ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ် မြန်မာဆက်လက်ရပ်တည်၊ချင်းပြည်နယ်မှာဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာ
ဒီဇင်ဘာလ ၁၃ ရက်။ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုဟာ မနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်းကျဆင်းသွားပေမယ့်လည်းကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေ ကြောင်း၊မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသ ဖြစ်ကာ ၊အခုနှစ်မှာ ချင်းပြည်နယ်မှာတော့ ဘိန်းစိုက်ပျိုးမှု ၁၈ ရာခိုင်နှုန်းတိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့ (UNODC) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းစိုက်ပျိုးတဲ့ ဧရိယာ ၄၅,၂၀၀ ဟက်တာ ရှိခဲ့တယ်လို့လည်း UNODC ထုတ်ပြန်တဲ့အစီရင်ခံစာမှာပါရှိပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်ဟာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးဒေသအဖြစ် ၈၈ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။…

