
မင်းတပ်မြို့မှာ ခြံထဲအသီးခူးတဲ့ အသက် ၆၀ ရွယ်အမျိုးသမီး ၁ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက်ဆုံးရှုံးလိုက်ရ
ချင်းပြည်နယ် မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီးက တောင်ဘက်ခြမ်းမှာ အသက် ၆၀ ဝန်းကျင်ရှိ သက်ကြီးရွယ်အိုအမျိုးသမီး တစ်ဦး ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မနက်ပိုင်းမှာ မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ မင်းတပ်မြို့ဒေသခံတွေဆီက သိရပါတယ်။ မင်းတပ်မြို့ လျှပ်စစ်မြို့နယ်ရုံးအနီး တောင်ဘက်ခြမ်းမှာ ခြံထဲပိန္ဒဲသီးခူရင်း အသက် ၆၀ ဝန်းကျင် အဖွားတစ်ဦး မိုင်းနင်းမိလို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်လို့ မင်းတပ်မြို့သတင်းတွေ ဖော်ပြတဲ့ HKL Mindat ဖော်ပြချက်အရ သိရပါတယ်။ စစ်ရေးတင်းမာနေတဲ့ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာ ဒရုန်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ် က သြဂုတ်လ ၂၁ ရက်နေ့က…