
ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦး စီးတာမျိုးတွေ့ရင် ရိုက်နှက်ခံရပြီး ဒဏ်ကြေးငွေများစွာပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာ
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က ရိုက်နှက်ပြီး ဒဏ်ကြေးငွေတွေ ပေးဆောင်ခိုင်းတာ ၁ လ ခန့်ရှိလာတယ်လို့ ဟားခါးမြို့ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးပြောတာက “ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိိုးတွေ့ရင် ပါးတွေ၊ နားတွေ ရိုက်ပြီး ပိုက်ဆံပေးဆောင်ခိုင်းတာမျိုး လုပ်တယ်ပေါ့ ပိုက်ဆံကိုတော့ ၅ သိန်းကနေ ၈ သိန်းအထိ ပေးခိုင်းတယ်။ အဲလိုမျိုး လုပ်တာ အခုဆို တစ်လလောက်ရှိတော့မယ်။ ဖမ်းဆီးပြီး အချုပ်ထဲထည့်တာမျိုးတော့ မလုပ်ဘူး” လို့ပြောပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နဲ့ ဖလမ်းမြို့မှာ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီး ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးနင်းတာနဲ့ အမျိုးသမီးနောက်မှာ အမျိုးသား လိုက်ပါစီးနင်းတာမျိုးတာမျိုးကို မလုပ်ဖို့ ဇူလိုင်လ ၁၁ ရက်နေ့က ဒေသန္တရ…