
ကန်ပက်လက်မြို့အဝင်ကစစ်ကောင်စီတပ်ရဲ့စစ်ဆေးရေးဂိတ်ကိုရုတ်တရက်တွေ့ပြီး လန့်ပြီးပြန်လှည့်တဲ့သူ ပစ်သတ်ခံရ
ချင်းပြည်နယ်၊ကန်ပက်လက်မြို့အဝင်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်မြင်လို့ လန့်ပြီးပြန်လှည့်တဲ့ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီ သမားတစ်ဦး မနေ့ စက်တင်ဘာလ ၄ ရက်နေ့က ပစ်သတ်ခံရတယ်လို့ ကန်ပက်လက်မြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။ ကန်ပက်လက်မြို့ခံတစ်ဦးက “နယ်ဘက်ကို ပစ္စည်းပို့ /ရောင်းပြီးပြန်လာကြတဲ့ လူနှစ်ယောက်ဟာ မြို့အဝင်စစ်ဆေးရေးဂိတ်မှာ အပစ်ခံရတာတဲ့ သူတို့နှစ်ယောက်က ယောသားတွေလို့ပြောတယ် လမ်းအခြေအနေ မသိတော့ ဒီတိုင်းမောင်းလာရင်း စစ်တပ််ရဲ့ စစ်ဆေးရေးဂိတ်ကို တိုးမိ၊ မြင်မိတော့ လန့်ပြီး ပြန်လှည့်တော့ စစ်သားတွေကလည်း ပစ်လိုက်တာလို့ ပြောတယ်။အပစ်ခံရတာ မနေ့ညနေ ပိုင်းမှာ ပစ်ခံရတယ် အလောင်းကို ဒီမနက်ပိုင်းမှာ ထုတ်နိုင်ပြီလို့လည်း သိရတယ်” လို့ပြောပါတယ်။ နယ်ဘက်ကနေ ပစ္စည်းရောင်းပို့ လုပ်တဲ့ ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးဟာ ဆိုင်ကယ်တစ်စီးလား နှစ်စီးလားတော့ မပြောကြပေမယ့် ပစ္စည်းပို့တာဖြစ်လို့ ဆိုင်ကယ်နှစ်စီးဖြစ်ဖို့များပြီး တစ်ဦးက ဒဏ်ရာရပြီး…