စစ်ရှောင်များရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းပြုစုခြင်းကိုလုပ်ဆောင်တာ မပြီးနိုင်သေးလို့မီဇိုရမ်ပြည်ထဲရေးဌာနက ဆက်လက်လုပ်ဆောင်မယ်
ဒီဇင်ဘာလ ၃၁ ရက်။ မြန်မာနိုင်ငံတွင်းကနေ မီဇိုရမ်ပြည်နယ်တွင်းကို ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်ရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းသွင်းခြင်း (Biometric enrolment)ကိုယခု ဒီဇင်ဘာလကုန်နောက်ဆုံးထားလုပ်ဆောင်ရန် ဖြစ်ပေမယ့်လည်း (form)ဖောင်ပုံစံအခက်အခဲကြောင့် ဇီ၀ဗေဒဆိုင်ရာစာရင်းသွင်းခြင်းကိုဆက်လက်လုပ်ဆောင်နေရသေးကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောကြားတယ်လို့ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ Times of India သတင်းဌာနကဖော်ပြပါတယ်။ “ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ စာရင်းသွင်းရမယ့်ဖောင်(form) ပုံစံဟာအိန္ဒိယပြည်တွင်းကို တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအတွက်ပြင်ဆင်ထားတာဖြစ်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့ တရားဝင်လက်ခံထားတဲ့ မြန်မာနိုင်ငံကရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ ဇီ၀ဗေဒဆိုင်ရာ အချက်အလက်တွေကို စုဆောင်းရာမှာအကျုံးမဝင်ဘူး ဖြစ်နေတယ်” လို့ မီဇိုရမ် ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ သူကဆက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီး Amit Shah က မြန်မာပြည်အတွင်း…

