တီးတိန်မြို့မှာ ၅ လ အကြာထုတ်ပေးနိုင်ခြင်းမရှိတဲ့ ပင်စင်လစာများ ကို ပြန်လည်ထုတ်ပေးမယ်
စက်တင်ဘာလ ၂၀ ရက်။ တီးတိန်မြို့မှာ ၅ လ အကြာ ထုတ်ပေးနိုင်ခြင်း မရှိတဲ့ အငြိမ်းစား ပင်စင်လစာများကို စက်တင်ဘာလ ၂၃ ရက်နေ့ ကစပြီး ခလရ ၂၆၉ တပ်ရင်းဝန်းထဲကနေ ပြန်လည် ထုတ်ပေးတော့မည် ဖြစ်ကြောင်း တီးတိန်မြို့ဒေသခံများ ထံမှ သိရှိရပါတယ်။ “ပင်စင်လစာ နောက်ဆုံး ထုတ်ပေးတာက ဧပြီလ မှာပါ။ မေလကုန်မှာ ကျတော့ ဘဏ်မှာ ပိုက်ဆံ ပြတ် သွားတော့ ထုတ်မပေးနိုင်ဘူး။ အဲလိုနဲ့ မြို့တွင်း တိုက်ပွဲ ဖြစ်သွားတော့ ဝန်ထမ်းတွေရဲ့ လစာတွေပါ ထုတ်မရ တော့ဘူး၊ အကုန်လုံး နှောင့်နှေး နောက်ကျ ပြီးမှ ရကြတယ်” လို့ တီးတိန်ဒေသခံ ၁ ဦးကပြောပါတယ်။ ” အာဏာသိမ်းပြီး…

