Headlines

ကျောင်းမတက်သူများလာတဲ့ ချင်းပြည်ပညာရေးအဆိုးဆုံးအခြေအနေ ရောက်လာ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ…

Read More

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်က တိတ်ဆိတ်နေတဲ့ ၄ နှစ်မြောက် ခရစ္စမတ်

ခရစ်စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။ ချင်းပြည်အနှံက မြို့၊ရွာအများစုမှာ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်အကျဥ်းချုံးသာ ပြုလုပ်နိုင်မယ်လို့ အသင်းတော်တာဝန်ရှိသူတွေဆီက သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်မှာ ခရစ္စမတ်အကြိုကာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီဆိုပေမယ့်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လာတာ တွေလုပ်နိုင်ပါသေးတယ် ၊ လေကြောင်းရန်ကို သတိထားပြီး ခရစ္စမတ်ကာလ ကို ဖြတ်သန်းရပါအုံးမယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ…

Read More

နွားနောက် ရှာရင်း မိုင်းနင်းမိလို့ ခြေတဖက် ဖြတ်တောက်ရပြီး မျက်လုံး တစ်လုံး ထုတ်ခဲ့ရတဲ့ ချင်းပြည်က Pa Sum Khan Lian ရဲ့ ၁ ရက်တာ ကိုယ်တွေ့မှတ်တမ်း 

(ယခုစာစု သည် မြေမြှပ်မိုင်း၏ သားကောင် ဖြစ်ခဲ့ရသော ချင်းပြည်က အသက် ၃၅ နှစ်အရွယ်အမျိုးသား Pa Sum Khan Lian ကိုယ်တိုင်ရေး အတ္ထုပတ္တိ စာအုပ်မှ ၂၀၂၂ မေလ ၂ ရက်နေ့ မနက် မှ မေလ ၃ ရက်နေ့ မနက် အထိ တစ်ရက်တာ အတွင်း သူကြုံတွေ့ခဲ့ရသည့် အပိုင်းကို တီးတိန်ချင်းဘာသာ စကားမှ သင့်လျော်အောင် မြန်မာဘာသာ သို့ ပြန်ဆိုရေးသား ခဲ့ခြင်းဖြစ်ပါသည်) Pa Sum Khan Lian ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ် လိုင်တွီးရွာမှာ မိသားစုနဲ့ အေးချမ်းစွာနေထိုင်သူ တဦးဖြစ်ပြီး ကားမောင်းခြင်း၊ နွားနောက်မွေးမြူခြင်းနဲ့ အသက်မွေးဝမ်းကျောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ…

Read More

ပြည်တော်ပျက်ကာလ ပြည်တော်သာရွာ ပြာပုံကြားမှ မပျက်သည့် သမ္မာကျမ်းစာအုပ်

ကိုဇံ(ချင်းတောင်) 14 June,2024. (ကလေးမြို့နယ် ပြည်တော်သာရွာသူ ဓမ္မအမှုတော်ဆောင် ဆရာမ တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အပေါ် အခြေခံပြီး တင်ဆက် ရေးသားခြင်း ဖြစ်ပါသည်) သူမ အသက် ၂၅ နှစ်ပြည့် ကတည်းက ခရစ်ယာန် ဓမ္မအမှုတော်ဆောင် တစ်ယောက် ဖြစ်လာခဲ့သည်။ အမှုတော် စဆောင်မှ ဆောက်လုပ်ခဲ့သည့် ကလေးမြို့နယ် ပြည်တော်သာရွာ ဈေးရှေ့ရှိ သူမတို့မိသားစု၏ လေးထပ်တိုက်သည် လွန်ခဲ့သည့် နှစ်လ ခန့်အထိ သစ်လွင် တောက်ပနေဆဲ ဖြစ်သည်။ သူမ၏ ဆုတောင်းခန်းတွင် စာလုံးပိုကြီးပြီး အရွယ်အစားပိုကြီးသော သမ္မာကျမ်းစာ တစ်အုပ်ကို ဝယ်ယူပြီး Bible Study လုပ်ဖို့ အတွက် အခန်းတွင်း၌ ထားခဲ့သည်။ အမှုတော်ဆောင် တစ်ယောက် အနေဖြင့် အိမ်တွင်…

Read More

ချင်းပြည်အတွင်း စစ်ကောင်စီရဲ့ ၃ နှစ်ကြာ ရက်စက်မှု

“The need for stronger international action against the country’s military junta has never been greater.” Salai Za Uk မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခဟာ အစုအလိုက်၊ အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေရှိနေတာကြောင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ဦးဆောင်မှုဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အရေးတစ်ကြီးဆွေးနွေးမှုကို ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နာမည်ဆိုးကျော်ကြားတဲ့ ခြေမြန်တပ်မ(၇၇)၊ တပ်မ (၉၉) တို့အပါအဝင် တပ်သားအလုံးအရင်းနဲ့ စစ်ယာဉ်တန်းကြီးကိုစစ်ကောင်စီက ချင်းပြည်နယ်ကို စေလွှတ်ခဲ့ပြီး မကြာမီ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီးလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒါဟာ သမိုင်းတစ်လျှောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှု ပထမဆုံးဖြစ်ပြီးအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ချက်ခြင်းရပ်တန့်ရန် ကောင်စီအနေနဲ့တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့…

Read More

အပူနှစ်ဆင့် ချင်းပြည်နယ်က မသန်စွမ်းစစ်ဘေးရှောင်အရေး

By HTG “ကျနော်တို့မသန်စွမ်းသူတွေအတွက် ဘဝလုံခြုံမှုလုံးဝမရှိတော့ဘူး။ အခုတောထဲမှာနေရတယ်။ မသန်စွမ်းသူတယောက်အတွက် နေရာတနေရာကနေ နောက်တနေရာကိုရွေ့တာကအရမ်းအခက်အခဲဖြစ်တယ်လေ။ဆန်ပြုတ်သောက်နေရတယ်။ ရှိနေတဲ့ဟာလေးကုန်သွားရင် စားစရာတောင်ရှိမှာမဟုတ်တော့ဘူး။ အနာဂါတ်အတွက် ဘာမျှော်လင့်ရမှန်းမသိတော့ပါဘူး” ဒီစကားဟာ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ် ပေါ်လာတဲ့ နိုင်ငံရေးပဋိပက္ခများ အောက်မှာ စစ်မီး တောက် လောင် နေတဲ့ ချင်းပြည်မှာ ရုပ်ခန္ဓာပိုင်းဆိုင်ရာသန်စွမ်းတဲ့လူတွေတောင်များစွာ အခက်အခဲပေါင်းစုံခံစားရပြီး သေဆုံးနေချိန်၊ဆာလောင်နေချိန် ရုပ်ခန္ဓာပိုင်းဆိုင်ရာ သာမန်ပုဂ္ဂိုလ်ကဲ့သို့ သွားလာလှုပ်ရှားနိုင်သူမဟုတ်တဲ့ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကနေ တောဖက်တစ်နေရာကို စစ်ဘေးရှောင်နေရတဲ့ မသန်စွမ်းချင်းအမျိုးသားတစ်ဦးက မျှော်လင့်ချက်မဲ့စွာ ကွက်ကြားကွက်ကြား တိမ်တွေလွင့်နေတဲ့ တောင်တန်းဖက်ကို လှမ်းကြည့်ရင်း ဖြည်းညင်းစွာညည်းညူတဲ့ပြောစကားပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံလို စစ်ပွဲနေရာအနှံ့ဖြစ်ပွားနေတဲ့နိုင်ငံမှာ မသန်စွမ်းသူတစ်ယောက်အတွက် တစ်နေရာမှတစ် နေရာကို ရွေ့ပြောင်းရတာဘယ် လောက်အခက်အခဲတွေ့မလဲ။အဆိုပါ မသန်စွမ်းသူချင်းအမျိုးသား/သူနေထိုင်တဲ့ ချင်းပြည်နယ် တောင်ပိုင်း ကန်ပလက်မြို့နယ်ဟာ စစ်ကောင်စီရဲ့စားသောက်ကုန်ပိတ်ဆို့…

Read More

ချင်းတော်လှန်ရေးအစုအဖွဲ့တွေအကြား လိုအပ်နေတဲ့အပြန်အလှန်တန်းတူအသိအမှတ်ပြုမှု

“ အပေးအယူ ပြတ်ပြတ်သားသားလုပ်ရမယ် မှားရင်လည်း မှားတဲ့အတိုင်း မှားတဲ့အကြောင်း ဝန်ခံပြီးတော့ အဲဒါကို ပြင်ရဲတဲ့ သတ္တိလည်းရှိရမယ် ၊အစောပိုင်းက ဘာမှမမှားဘူး ငါလည်းမမှား ….သူကလည်း မမှားဘူး ၊တစ်ခုထောက်ပြတိုင်း ပြန်ပြန်ငြင်းနေတာ ၊အကုန်မှန်တယ် မှားတာတစ်ခုမှမရှိဘူးဆိုတာမျိုး ဖြစ်ဖြစ်နေတာဆိုတော့ ကျနော်တို့လည်း စိတ်ညစ်တာပေါ့လေ ဘာမှလည်းပြောချင်စိတ်မရှိတော့ဘူးလေ အခုတော့ အကုန်လုံးက အပေးအယူလုပ်ဖို့ အဆင်သင့်ရှိတယ်လို့ ကျ နော် ကြားရတဲ့အခါမှာတော့ အရမ်းဝမ်းသာတယ် အမြန်ဆုံးလုပ်ဖို့ဘဲ အမြန်ဆုံးလုပ်နိုင်လေ ကောင်းလေဘဲ နည်းနည်းထပ်ကြာသွားရင် လပိုင်းနဲ့ ထပ်ကြာသွားရင်ကို ကျနော်တို့ဒုက္ခရောက်မယ်” Salai Kipp ဝါရင့်ချင်းနိုင်ငံရေးသမား နိုင်ငံရေးအကျဉ်းသားဟောင်း၊ ချင်းကျောင်းသားခေါင်းဆောင်ဟောင်း၊ ဝါရင့်ချင်းနိုင်ငံရေးသမားလည်းဖြစ်သူ ဒီမိုကရေစီအတွေးအခေါ်နဲ့ ဖက်ဒရယ်ကျွမ်းကျင်သူ Salai Kipp ကို လက်ရှိ ချင်းတော်လှန်ရေးအင်အားစုတွေအကြားစည်းလုံးရေးနဲ့ ပတ်သက်ပြီး သူ့အမြင်တွေကို Chin World…

Read More

ဖိနှိပ်ခံနေရတဲ့ ကလေးမြို့နယ်က စပါးစိုက်တောင်သူများဘ၀နဲ့ ချင်းပြည်နယ်က ပြည်သူတွေကြုံရတဲ့ဆန်ဈေးမြင့်တက်တဲ့ဒုက္ခ

Salai Thang Phung ၂၀၂၁ ခုနှစ်ကစပြီး နိုင်ငံရဲ့အာဏာကိုရယူထားတဲ့ ဗိုလ်ချုပ်မူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီဟာ နိုင်ငံရဲ့ရှေ့လုပ်ငန်းစဉ်(၅)ရပ်အဖြစ် ပြည်ထောင်စုတစ်ရပ်လုံး တည်ငြိမ်အေးချမ်းပြီး တရားဉပဒေစိုးမိုးရေး၊ တိုက်ပျိုးရေးကို အခြေခံတဲ့ ကုန်ထုတ် လုပ်ငန်းမြှင့်တင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး၊ ပါတီစုံဒီမိုကရေစီကျင်းပပြီးအနိုင်ရရှိတဲ့အစိုးရကို နိုင်ငံတော်တာဝန်လွှဲ အပ်နိုင် ရေး စတဲ့ အချက်(၅)ချက်ကို စစ်ကောင်စီထုတ်သတင်းစာ ၊ရုပ်မြင်သံကြားသတင်းတွေကနေတဆင့်နေ့စဉ် ဝါဒဖြန့် ထုတ် ဝေနေပေမယ့် တကယ့်လက်တွေ့မှာ ဘယ်အချက်ကိုမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ အဆိုးဆုံးအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စီးပွားရေးနဲ့ပတ်သက်ပြီး တကယ့်လက်တွေ့ကျ လုပ်ဆောင် ရမယ့်လုပ်ငန်းစဉ်ဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ကုန်ထုတ်လုပ်ငန်းမြှင့်တင်ရေးဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းစဉ်ကိုလက်တွေ့ဆောင်ရွက်မယ့်အစား တောင်သူလယ်သမားတွေကို လုံခြုံရေးအကြောင်းပြီး ဖိနှိပ်မှု မျိုးစုံနဲ့ဖိနှိပ်လာပြီး အဲ့ဒီဖိနှိပ်ခံရတဲ့အထဲမှာ ကလေးမြို့နယ်က စပါးစိုက်တောင်သူတွေလဲ အပါအဝင်ဖြစ်လာပါတယ်။ ကလေးမြို့နယ်က စိုက်ပျိုးမြေဧကဟာ ချင်းပြည်နယ်တစ်ပြည်နယ်လုံး စိုက်ပျိုးမြေဧက တစ်သိန်းကျော်နဲ့…

Read More

အိမ်ပြန်မလာတော့မယ့် အဖေ၊ အိမ်ပြန်ချိန် မသေချာတဲ့ အစ်မ နှင့် အိမ်ပြန်နိုင်မယ့် အချိန်စောင့်နေတဲ့ သူမ

ကိုဇံ (ချင်းတောင်) ( ကလေးမြို့မှနိုင်ငံရေး အကျဉ်းသူ မကျိန်ဒွန်ကိမ်၏ ကောင်းမွန်စွာ ဆေးကုသမှု မရရှိခဲ့သည့် ကင်ဆာရောဂါသည် အဖေ ကွယ်လွန် အနိစ္စရောက်ခြင်း နှင့် သူမမိသားစု ကြုံတွေ့ရသည့် ဘဝအခြေအနေများ ) ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့မှာ ပုံမှန်အတိုင်း အင်တာနက်လိုင်း မကောင်းခဲ့ပါ။ သင်္ကြန်သပိတ် အဖြိုခွဲ ခံလိုက်ရပြီး အဖမ်းခံရတဲ့ သူ တချို့ ရှိလို့ အားလုံး သတိထားကြပါ ဆိုတဲ့ သတင်းက အွန်လိုင်းပေါ် တက်လာခဲ့သည်။ တရက်မှ မနားတဲ့ အစ်မတို့ရဲ့ ကလေးမြို့ လူထုသပိတ် အတွက် စိတ်ပူမိသည်။ အိမ်ရှိ ဆိုင်ကယ် တစ်စီးကို စီးပြီး သတင်းနားစွင့်ဖို့ သူမ အပြင်ထွက်လာခဲ့သည်။ သူမထွက်သွားပြီး…

Read More

“ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး 

“ငါ့ရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” အာဇာနည်ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး  Chin World  “ မင်းတို့ ငါ့ခန္ဓာကိုယ့်ကိုသတ်နိုင်ပေမယ့် ငါရဲ့ယုံကြည်ချက်ကိုမင်းတို့သတ်လို့မရဘူး” ဒီစကားက သမိုင်းဝင်စကား တစ်ခွန်းဖြစ်ခဲ့သလို မြန်မာသမိုင်း သာမက၊ ကမ္ဘာသမိုင်းမှာပါမရှိခဲ့ဖူးသေးတဲ့ကျောင်းသားခေါင်းဆောင် တစ်ယောက်ကိုရက်ရက်စက်စက် ကြိုးပေးသတ်ခဲ့တဲ့အတွက် မဆလစစ်အစိုးရကြိုးတိုက်ထဲကလွှင့်ပျံထွက်လာတဲ့ စကား(သို့)ကျောင်း သားအာဇာနည်ခေါင်းဆောင် ကြီးဆလိုင်းတင်မောင်ဦးရဲ့ နောက်ဆုံးကြွေးကြော်သံတစ်ခု လည်းဖြစ်ခဲ့သည်။ မြန်မာနိုင်ငံကျောင်းသားလုပ်ရှားမှုသမိုင်းတစ်လျောက်မှာသမိုင်းတွင်ရစ်မည့်လေးစားဂုဏ်ယူဖွယ်ရာနောင်တော်ကျောင်းသားအာဇာနည်ခေါင်းဆောင်ကြီးဆလိုင်းတင်မောင်ဦးတစ်ယောက်မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရေးအတွက် အသက်စတေးခဲ့သည်မှာယခုကျရောက်မည့် ဇွန်လ (၂၆ )ရက်နေ့တွင် နှစ်ပေါင်း ၄၈ နှစ် တိတိရှိခဲ့ပြီဖြစ်သည်။ ၁၉၅၁ ခုနှစ်ဖွားမြင်သူဖြစ်သည့် ဆလိုင်းတင်မောင်ဦးသည် ကြိုးပေးခံရချိန် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်တွင် အသက် ၂၅ နှစ်သာရှိ သောလူငယ်တစ်ဦးသာဖြစ်သည်။ ဆယ်စုနှစ် (၄)ဆက်တိုင်တိုင်ရောက်ရှိခဲ့ပေမည့်လည်း ဆလိုင်းတင်မောင်ဦး၏ယုံကြည်ချက်ကိုစစ်ဘီလူးတို့ကအသေ မသတ်နိုင်ခဲ့ပါ၊လူကိုသတ်ခဲ့ကြသည်။အသက်ကိုတော့စတေးခဲ့သည်။ဆလိုင်းတင်မောင်ဦး၏စိတ်ဓါတ်သူ၏ယုံကြည်ချက်တို့သည်မသေထာဝရရှင်သန်နေ အုံးမည်သာဖြစ်သည်။ပြည်သူတို့၏ယုံကြည်ချက်နှင့် တထပ်တည်းတစ်သားတည်းဖြစ်သဖြင့်သူ၏ယုံကြည်ချက်တို့သည်မြန်မာပြည်သူတရပ်လုံး၏နှလုံးသားတွင် ထာဝစဉ် ကိန်းအောင်ရှင် သန်နေမည်သာဖြစ်သည်။ မြန့်မာစာပေလောကရတုဘုရင်နတ်ရှင်နောင် ထီးနန်းစိုက်တဲ့တောင်ငူမြို့ မှာမွေးဖွားခဲ့ခြင်းခံရလို့လားမသိ၊…

Read More