Headlines

admin

သန်းခေါင်စာရင်းကောက်ယူရာမှာ ပူးပေါင်းပါဝင်တဲ့သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ချင်းညီနောင်အဖွဲ့က အသိပေး

စက်တင်ဘာလ ၃၀ ရက်။ ချင်းပြည်နယ်၊ ချင်းညီနောင် လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရာမှာ ပူးပေါင်းပါဝင်တဲ့ မည်သည့်သူကိုမဆို ထိရောက်စွာအရေးယူမယ်လို့ ချင်းလက်နက်ကိုင် ၆ ဖွဲ့ စုစည်းထားတဲ့ချင်းညီနောင်အဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလို ပြည်တွင်းစစ်မီးများနဲ့ တိုင်းပြည်မတည်မငြိမ်ဖြစ်နေပြီး ပြည်သူများစွာ စစ်ဘေး၊ သဘာဝဘေးအန္တရယ်တွေနဲ့ ရင်ဆိုင်နေရချိန် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို အသုံးပြုကာ အတင်းအဓမ္မ စစ်သားစုဆောင်းရန်နှင့် စစ်အာဏာရှင်စနစ်သက်ဆိုးရှည်နိုင်မယ့် အခြားကိစ္စတွေမှာ အသုံးပြုရန်အတွက် ရည်ရွယ်ပြီး သန်းခေါင်စာရင်းကောက်ယူဖို့ ပြင်ဆင်လာမှုသည် မိုက်ရှုးရဲဆန်ပြီး စစ်ကောင်စီ၏ အာဏာမက်မောမှုကို ပြနေခြင်းဖြစ်တယ်လို့ ချင်းညီနောင်က ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီ၏ အဓမ္မလုပ်ရပ်အပေါ် ကူညီပံ့ပိုးခြင်း ပူးပေါင်းပါဝင်ခြင်းများ မပြုကြရန် တောင်းဆိုတယ်လို့…

Read More

မဟာမိတ်ပီသစွာ ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း၊ လက်နက်ခဲယမ်းထောက်ပံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်(AA)ကို အထူးကျေးဇူးတင်တယ်လို့ CDF -မတူပီ (တပ်မဟာ – ၁ ) ကထုတ်ပြန်

စက်တင်ဘာလ ၂၉ ရက်။ ချင်းပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေးတိုက်ပွဲမှာ အိမ်နီးချင်းမဟာမိတ်ပီသစွာ ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်း လက်နက်ခဲယမ်းထောက်ပံံ့ပေးခဲ့ခြင်းတို့အပေါ် အာရက္ခတပ်တော်(AA) ကို လေးနက်စွာ အထူးကျေးဇူးတင်တယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁ )က ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းညီနောင်အဖွဲ့ရဲ့ အဖွဲ့ဝင်ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ -၁ ) ကို သူတို့ မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းတချို့ ကူညီပံ့ပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်နက်ခဲယမ်း ကူညီပံ့ပိုးပေးအပ်တဲ့ အခမ်းအနားကို အာရက္ခတပ်တော်တပ်မှူးများ၊ မတူပီတပ်မဟာ – ၁ က တပ်မှူးတပ်ဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီး မိမိတို့အဖွဲ့အစည်းနှစ်ခုကြားမှာ အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေးများကို…

Read More

တီးတိန်မြိုနယ် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် ရှေ့နေဦးငင့်ထန်ကွယ်လွန်

စက်တင်ဘာလ ၂၈ ရက်။ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ တီးတိန်မြို့နယ် အရှေ့ဘက်ခြမ်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ အနိုင်ရ လွှတ်တော်အမတ်ဖြစ်သူ ရှေ့နေဦးငင့်ထန် (အသက် ၈၀ )ဟာ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်မှာရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ သူ့နေအိမ်မှာသက်ကြီး ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီ မှာ ရေဝေး သုဿာန် မှာ ဂူသွင်း သဂြိုလ်မည် ဖြစ်ကြောင်း စုံစမ်း သိရှိရပါတယ်။ ရှေ့နေဦးငင့်ထန်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တီးတိိန််မြို့နယ်မှာ NLD ပါတီမှဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ၁၉၉၃ ခုနှစ် အမျိုးသား ညီလာခံမှာ NLD ပါတီ နုတ်ထွက်သည် အထိ ညီလာခံ…

Read More

မြန်မာနိုင်ငံမှာ  နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းခွဲနီးပါးရှိေကြာင်း ကုလသမဂ္ဂ ထုတ်ပြန်

စက်တင်ဘာလ ၂၈ ရက်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခများ နှင့် တိုက်ပွဲများကြောင့် လူဦးရေ ၃ ဒသမ ၅ သန်း နီးပါးမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အသက်ကယ်ဆယ်ရေး အထောက်အပံ့အကူအညီများ လိုအပ်နေကြောင်း  ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA) က စက်တင်ဘာလ ၂၇ ရက်ကထုတ်ပြန်ပါတယ်။ အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူများထဲမှ ၃ ဒသမ ၂ သန်းခန့်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများ ၊ ပဋိပက္ခများ နှင့် မလုံခြုံမှုများကြောင့် ဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၃ သန်းကျော်သွားခြင်းမှာ ဆိုးရွားသည့် မှတ်တမ်းတစ်ခုပင်ဖြစ်ကြောင်း UNOCHA ကထုတ်ပြန်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နေအိမ်စွန်ခွာထွက်ပြေးတိမ်းရှောင်နေသူဦးရေမှာ တစ်စထက်စ မြင့်တက်လာခဲ့ပြီး…

Read More

CDF – Paletwa ကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပလက်ဝဒေသခံ ၁၀ ဦးကို AA ကဖမ်းဆီးထားကြောင်းသိရ

စက်တင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဒေသခံ (၁၀) ဦးကို CDF – Paletwa ကို ထောက်ပံ့တယ်၊ဆက်သွယ်မှုရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အာရက္ခတပ်တော် (AA) ကစက်တင်ဘာလ (၁၇) ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။ ပလက်ဝဒေသခံတစ်ဦးက “ပလက်ဝက ဒေသခံ ၁၀ ဦးကို ဖမ်းဆီးထားတယ်လို့ သတင်းရရှိထားတယ်၊၁၀ ဦးထဲကနေ ၆ ဦးရဲ့အမည်စာရင်းနဲ့ အတိအကျ သိရှိထားတယ်၊ပြီးခဲ့တဲ့ (၁၇) ရက်နေ့ကစလို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ် ဘာကြောင့်ဖမ်းခံရတာလဲဆိုရင် ပလက်ဝမှာ တော်လှန်ရေးလုပ်နေတဲ့ CDF – Palatwa နဲ့ပတ်သက်မှု သူတို့ကို ထောက်ပံ့တယ်ဆိုတဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ကြားသိရတယ်” လို့ Chin World Media…

Read More

မင်းတပ်မြို့မှာ ၂ ရက်ဆက်တိုက် အရပ်သားနေအိမ်တွေ မီးရှို့ခံရပြီး၂ လ အတွင်း အရပ်သားနေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီလို့သိရ

စက်တင်ဘာလ ၂၈ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့၊ ၂၇ ရက်နေ့၂ ရက်ဆက်တိုက် အရပ်သားပြည်သူနေအိမ်တွေ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာခံရပြီး (၂)လအတွင်း အရပ်သားနေအိမ် ၅၀ ကျော်ဝန်းကျင် မီးရှို့ဖျက်ဆီးခံခဲ့ရပြီဖြစ်ကြောင်း မင်းတပ်ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်မြို့ဒေသခံတစ်ဦးက “မနေ့ညနေကလည်း မီးရှို့ခံရတဲ့အိမ်တွေက ဆက်နေတာဆိုတော့ အတိကျပြောဖို့ခက်ပါတယ်။ ၃ အိမ်ထက်များနိုင်ပါတယ်။ ဒီ နှစ်လအတွင်း အရပ်သား နေအိမ် ၅၀ ကျော်တော့ မီးရှို့ခံရပြီဖြစ်တယ်” လို့ Chin World Media ကိုပြောပါတယ်။ မနေ့ညနေ စက်တင်ဘာလ (၂၇) ရက်နေ့ညနေပိုင်းမှာ မင်းတပ်မြို့ အရှေ့ပြင် မြို့ဦးဘုန်းကြီးကျောင်းအနီးက အရပ်သားနေအိမ် ၃ လုံးကို စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ကာ၊စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း…

Read More

တတိယနိုင်ငံသွားဖို့ အိပ်မက်ပျောက်သွားပြီဖြစ်တဲ့ မလေးရှားက ချင်းလူမျိုးတွေရဲ့ အိမ်ပြန်ခရီး ဘယ်လိုဆက်ဖြစ်မလဲ

( November 06, 2018) “ချင်းဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ပိုင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးဘဲ ပြန်လည်သုံးသပ်မှုပြုလုပ်နေပါတယ်” အထက်ပါစကားကို UNHCR ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ချင်းဝေါလ်သတင်းဌာနနဲ့ ဒို့အသံတို့ပူးပေါင်းတဲ့ ရေဒီယိုအစီအစဉ်မှာ အီးမေးလ်နဲ့စာပြန်ထားတဲ့စကားဖြစ်ပါတယ်။  ချင်းလူမျိုးဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးဖြစ်ပေမယ့် လုပ်ငန်းစဉ် ပိုင်း ဆိုင်ရာမှာတော့ ဆုံးဖြတ်ချက်မချမှတ်ရသေးဘူးလို့ဆိုလိုလိုက်တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ကတော့ UNHCR ရဲ့ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ၂၀၁၈ အစောပိုင်းက အေဂျင်စီအနေနဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့လုံခြုံရေးဆိုင်ရာ ဖြစ်ထွန်းမှုများအပေါ် အခြေခံသည့် နိုင်ငံတကာအကာအကွယ်ပေးမှုကို ပြန်လည်သုံးသပ်မှုပြုလုပ်ရန် ချင်းပြည်နယ်ရှိ အခြေအနေပြောင်းလဲမှုက လုံလောက်စေတယ်ဆိုပြီး UNHCR အနေနဲ့ဆုံးဖြတ်ခဲ့တယ် လို့လည်းဆိုပါတယ်။ ဒုက္ခသည်တွေရဲ့လွတ်လပ်ပြီး အချက်အလက်တွေကို သိရှိရွေးချယ်မှုအပေါ် အခြေခံပြီးတော့ ချင်းဒုက္ခသည်တွေကို မြန်မာနိုင် ငံပြန်ပို့ရေးဖြစ်နိုင်ခြေအတွက် UNHCR ကပြင်ဆင်နေကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်တွေအတွက် ပြန်လာရေး…

Read More

တီးတိန်မြို့ စစ်မီးလျှံကြားမှ လွတ်မြောက်ခဲ့သည့် ဂစ်တာလက်ခတ် တစ်ခု

(တီးတိန်တိုက်ပွဲကြောင့် နေအိမ် မီးလောင်ပြာကျခဲ့သည့် အဝတ်တထည် ကိုယ်တထည်ဖြင့် စစ်ရှောင်ခဲ့ရသည့် ဂီတသမား သူငယ်ချင်း တစ်ယောက်၏ ဖြစ်ရပ်မှန် အပေါ် အခြေခံ ရေးသားထားခြင်း ဖြစ်သည်) (5/6/2024) ကိုဇံ (ချင်းတောင်) နေ့ရက် နှင့် အချိန် အတိအကျ ပြောရရင် မေလ ၂၆ ရက်နေ့ည ညနေ ၉ နာရီ ကျော်ကျော် အချိန် ဖြစ်သည်။ သားဖြစ်သူ အိပ်ချင်လို့ ဂျီကျလာတာမို့ စပ်လက်စ သီချင်းကို အပြီး မသတ် ဖြစ်ဘဲ လက်ခတ်ကို ဘောင်းဘီ အိတ်ကပ်ထဲထည့်၊ လွန်ခဲ့တဲ့ နှစ်လ လောက်က ဝယ်ခဲ့သည့် ဂစ်တာ အသစ်ကြီးကို နံရံပေါ် ချိတ်တင်လိုက်သည်။ မိန်းမ ဖြစ်သူ ချီထားသည့် သားလေးကို လိုက်ချော့ဖို့…

Read More

အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ်မှာ အဓိက စိုက်ပျိုးထွက်ကုန်များ ဈေးကွက် ပျောက်နေ

အာဏာသိမ်းပြီးနောက်ပိုင်း တီးတိန်မြို့နယ်မှာ မိုးတွင်း စိုက်ပျိုးထွက်ကုန် တစ်ခု ဖြစ်သည့် စပျစ်သီး အပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များ ဈေးကွက် ပျောက်နေကြောင်း မြို့နယ်တွင်းနေ ပြည်သူများထံမှ သိရှိခဲ့ ရပါတယ်။ “အရင်နှစ်က တစ်ပိဿာကို ကျပ် ၅၀၀၀ အနည်းဆုံး ပေးဝယ်ကြတဲ့ စပျစ်သီးတွေက ဒီနှစ် ဝယ်လက်တွေ ပျောက်နေခဲ့ပါတယ်။ ရွာသား အချင်းချင်း ကျပ် ၂၀၀၀ လောက်နဲ့ ပေးနေရတယ်။ အဲတာတောင် စပျစ်ဝိုင် ဖောက်ဖို့ သကြား ဝယ်ဖို့ ကူညီတဲ့ အနေနဲ့ ဝယ်ပေးကြတာ။ စပျစ်သီးတွေကို ဝိုင်ဖောက်ဖို့ စဉ့်အိုးတောင် မလောက်ဘူး ဖြစ်နေ ခဲ့ ပါတယ်”  လို့ အိမ်တိုင်းနီးပါးမှာစပျစ်ခြံ ရှိခဲ့တဲ့ ရွာသား တစ်ဦးက Chin World Media ကို ပြောပါတယ်။…

Read More