တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦးသေဆုံးပြီး နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း CDF – Hakha ထုတ်ပြန်
မတ်လ ၂၁ ရက်။ တော်လှန်ရေး (၄) နှစ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဟားခါးမြို့နယ်က အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး၊ နေအိမ် ၂၆၀ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ CDF – Hakha တပ်ဖွဲ့ရဲ့ ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာထုတ်ပြန်တဲ့တော်လှန်ရေး ၄ နှစ်ပြည့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ CDF – Hakha ရဲ့ တော်လှန်ရေး ၄ နှစ်တာအတွင်း ဟားခါးမြို့တွင်းနဲ့ အခြားနေရာတွေမှာ တိုက်ပွဲပေါင်း ၃၂၆ ကြိမ်ဆင်နွှဲခဲ့ပြီး တိုက်ပွဲအတွင်း CDF – Hakha ရဲဘော် ၅၂ ဦး အသက်ပေးလှူခဲ့ရပြီး ရဲဘော် ၁၈၃ ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေး ၄ နှစ်တာအတွင်း စစ်ကောင်စီရဲ့မတရားဖမ်းဆီးနှိပ်စက်ခြင်းခံနေရတဲ့…

