စစ်ကောင်စီအာဏာသိမ်းပြီးနောက် နိုင်ငံအဝန်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အရေအတွက် ၁ သိန်းကျော်ပြီဖြစ်
ဖေဖော်ဝါရီလ ၂၅ ရက်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ပဋိပက္ခကာလအတွင်း တစ်နိုင်ငံလုံးမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်အရေအတွက် တစ်သိန်းကျော်ရှိပြီဖြစ်တယ်လို့ Data for Myanmar က ဖေဖော်ဝါရီလ (၂၁) ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရပါတယ်။ အဆိုပါအစီအရင်ခံစာဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး ၂၀၂၄ နိုဝင်ဘာလ နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့အိမ် အခြေအနေနဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့က အရေအတွက်အချို့မပါဝင်သေးဘူးလို့ဆိုပါတယ်။ ၂၀၂၄ နိုဝင်ဘာလအထိ ကောက်ခံရရှိတဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ လူနေအိမ်အပါအဝင် အခြားအဆောက်အဦး မီးလောင်ပျက်စီးမှုအရေအတွက်ဟာ ၁၀၉၂၄၂ လုံးရှိပြီဖြစ်တယ်လို့ အစီရင်ခံစာကဖော်ပြပါတယ်။ ယခုအရေအတွက်ဟာလည်း Data for Myanmar ရဲ့ကောက်ခံရရှိထားတဲ့စာရင်းဖြစ်ပြီး လက်တွေ့မြေပြင်မှာ ယခုအရေအတွက်ထက် ပိုများမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ၄ နှစ်အတွင်း ချင်းလူမျိုးတွေပိုင်ဆိုင်တဲ့အိမ် ၃၇၀၀…

