
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုဝင်ဘာလ ၂၉ ရက်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကိုင်းတိုင်းကလေးမြို့ နဲ့အနီးဝန်းကျင်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ မကြာခဏလုပ်နေသလို ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ကလေးမြို့အရှေ့ဘက်၊ ကင်မွန်းချုံကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးပြီး၊ အမျိုးသမီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ကလေးမြို့ဒေသခံတစ်ဦးက “ဘာမှလည်း တိုက်ပွဲဖြစ်တာမျိုးမဟုတ်ဘဲနဲ့ ဒီတိုင်းဘဲ လက်နက်ကြီးနဲ့ ၂ ကြိမ်လားမသိဘူး ပစ်ခတ်သံကြားတယ် အကြောင်းမဲ့ပစ်တာလို့ထင်တယ် တော်ယုံတန်ယုံအဲဒီဘက်ကို ပစ်တာအရင်ကမကြားဖူးဘူး ခုနောက်ပိုင်းစစ်ကောင်စီက ပြည်သူတွေရဲ့ရွာတွေ အိမ်တွေကို သူတို့လေ့ကျင့်ရေးကွင်းဆင်းတဲ့ နေရာလိုဖြစ်နေတာပေါ့ လျှောက်လျှောက်ပစ်နေတာ ဒေသခံတွေအနေနဲ့လည်း သတိထားသင့်တယ် မြို့ရဲ့ဘေးပတ်ခြာလည်က ရွာတွေအနေနဲ့ အချိန်မရွေး လေယာဉ်နဲ့လည်း ဗုံးကြဲနိုင်တယ် လက်နက်ကြီးလည်း ကျလာနိုင်တယ်ပေါ့ သူတို့ကဒီလိုလုပ်နေတာ သိနေပြီဆိုတော့ ကိုယ့်ဘက်ကသတိထားမှဘဲရမှာ”လို့ပြောပါတယ်။ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းချုံကျေးရွာထဲကို မနေ့ညနေ ၆ နာရီကျော်လောက်မှာ…