တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang ထုတ်ပြန်
ဧပြီလ ၇ ရက်။ တော်လှန်ရေး ၄ နှစ်တာအတွင်း CDF – ထန်တလန်ဘက်က ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရပြီး အရပ်သားပြည်သူ ၁၇ ဦးလည်း စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်လို့ CDF – Thantlang တည်ထောင်ခြင်း ၄ နှစ်ပြည့်တဲ့ ဧပြီလ ၆ ရက်နေ့ မှာထုတ်ပြန်ထားပါတယ်။ ချင်းပြည် (Chinland) နဲ့ ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူတွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်အားလုံးကို အလေးနက် ဦးညွတ်အလေးပြုကြောင်းနဲ့ CDF – ထန်တလန် ရဲ့တော်လှန်ရေး ၄ နှစ်တာခရီးကို အဘက်ဘက်က ကူညီပံ့ပိုးကူညီပေးကြတဲ့ ပြည်တွင်း၊ ပြည်ပက ပြည်သူတစ်ရပ်လုံးကိုလည်း ကျေးဇူးတင်ရှိတဲ့ကြောင်း CDF –…

