မင်းတပ်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို ကျပ်သိန်း ၃၀ ကျော် ပံ့ပိုးကူညီပေးခဲ့တယ်လို့ မင်းတပ် ပအဖ ထုတ်ပြန်
ဧပြီလ ၁၄ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်း ဧပြီလ ၉ ရက်နေ့ညက မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ၊ သေဆုံးသူ မိသားစုဝင်တွေကို ကျပ်သိန်းငွေ ၃,၃၄၀,၀၀၀ ကျပ် ပံ့ပိုးကူညီခဲ့တဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ဒီကနေ့ ဧပြီလ ၁၄ ရက်နေ့မှာထုတ်ပြန်ပါတယ်။ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို ဧပြီလ ၉ ရက်နေ့ ညကိုးနာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၈ လသား ကလေးငယ်၊ ၇ နှစ်အရွယ် ကလေးငယ်၊မသန်မစွမ်းလူငယ်တစ်ဦး၊ သက်ကြီးရွယ်အို ၂ ဦး နဲ့ ခရစ်ယာန်ပါစတာ တစ်ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးသူမိသားစု၊ နေအိမ်ပျက်စီးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

