Headlines

admin

အိန္ဒိယ တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ပညာသင်ဆုပေးမယ်လို့ CHO ထုတ်ပြန်

မေလ ၉ ရက်။ အိန္ဒိယနိုင်ငံက တက္ကသိုလ်တစ်ခုမှာ Nursing နဲ့ Lab Science တက်ရောက်ပြီး ချင်းပြည်နယ်အတွက် ပြန်လည်တာဝန်ထမ်းဆောင်မယ့် သူတွေအတွက် ချင်းကျန်းမာရေးအဖွဲ့အစည်း (Chin Health Organization ) က ပညာသင်ဆု စကောလာရှစ်ပေးမယ်လို့ မေလ ၈ ရက်နေ့ အသိပေးထုတ်ပြန်ထားပါတယ်။ အနည်းဆုံး အသက် ၁၇နှစ်ပြည့်ထားပြီး လက်ရှိ အိန္ဒိယနိုင်ငံရဲ့ ၁၂ တန်း ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ၁၂တန်း အောင်ထားပြီး Nurse (သို့မဟုတ်) Lab Technician ဖြစ်ချင်တဲ့ မြန်မာကျောင်းသားတွေအနေနဲ့ အိန္ဒိယက တက္ကသိုလ်ကျောင်းတစ်ကျောင်းမှာ Nursing အတွက် လျှောက်လို့ရမယ့် program (၂) ခု ရှိပါပြီး General Nursing and Midwifery…

Read More

ငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကို ဆေးကုသပေးခဲ့တဲ့ အမေရိကန်ခရစ်ယာန်ဆေးအဖွဲ့ ကုသမှုရပ်နားပြီး ပြန်လည်ထွက်ခွာပြီလို့ သိရ

မေလ ၈ ရက်။ မြန်မာနိုင်ငံမှာ လာရောက်ပြီးငလျင်ဘေးဒဏ်သင့်မြန်မာပြည်သူတွေကိုဆေးကုသပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ခရစ်ယာန် Samaritan’s Purse Internation Relief ဆးပညာရှင်အဖွဲ့သားတွေဟာ ၎င်းတို့ရဲ့အရေးပေါ်ဆေးရုံကို လှူဒါန်းလွှဲပြောင်းပေးခဲ့ပြီး ပြန်လည်ထွက်ခွာသွားပြီလို့ စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့ မေလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ Samaritan’s Purse Internation Relief ဆေးပညာရှင်အဖွဲ့ဟာ ဧပြီလ ၅ ရက်နေ့ကစလို့ မေလ ၆ ရက်နေ့အတွင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်အားကစားကွင်းမှာ အရေးပေါ်ဆေးကုသမှု ဆေးရုံတွင် ခွဲစိတ်ကုသမှုပေါင်း ၃၀၃ ခု၊ လူနာပေါင်း ၅၈၁၃ ဦး အားကုသမှုပေးခဲ့ပြီး အခုလှူဒါန်းလွှဲပြောင်းပေးခဲ့တဲ့ အရေးပေါ်ဆေးရုံတွင် အရေးပေါ်ဆေးကုသဆောင်၊ လူနာဆောင်တွေ၊ အရေးပေါ်ခွဲစိတ်ခန်းတွေ၊ ဆေးပေးခန်း၊ ဓါတ်ခွဲခန်း၊ ရေသန့်စင်စနစ်တွေပါဝင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ…

Read More

အိန္ဒိယ – ပါကစ္စတန် နှစ်နိုင်ငံကြား စစ်ရေးတင်းမာနေချိန် အိန္ဒိယနိုင်ငံတွင်း ချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေ မြန်မာစစ်ရှောင်တွေလိုက်နာဖို့ India for Myanmar တိုက်တွန်း

မေလ ၈ ရက်။ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံအကြား စစ်ရေးတင်းမာနေတဲ့ ကာလဖြစ်တာကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းကြဖို့ အိန္ဒိယ-မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India for Myanmar အဖွဲ့က မနေ မေလ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်တဲ့ ကိစ္စတွေကို လုံးဝရှောင်ကြဉ်ဖို့ကိုလည်းတိုက်တွန်းထားပြီး လက်ရှိအချိန်ဟာ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံလုံခြုံရေးနဲ့ နိုင်ငံသားတွေအရေး ကိစ္စတွေ ဦးစာပေး အာရုံစိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဘက်ပေါင်းစုံက အခက်ခဲများစွာ ရင်ဆိုင်ကြုံနေရသလို အိန္ဒိယနိုင်ငံသည်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို အပြည့်အဝနားလည် စာနာနားလည်ပြီး နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းတွေကို မယိမ်းမယိုင်လိုက်နာကာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး…

Read More

Military Council conducts airstrikes on Mindat town, civilian casualties reported

May 8. The Military Council conducted two airstrikes on Mindat town, Chin State, on May 7, resulting in civilian casualties and damage to residential buildings, the Mindat Township People’s Administration announced on May 7. Two bombs were dropped on the area around Mindat town at 1:30 a.m. yesterday, damaging homes. At around 2:40 p.m., another…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပြီး အရပ်သားပြည်သူသေဆုံးတာတွေလည်း ရှိကြောင်းထုတ်ပြန်

မေလ ၈ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ကို မနေ့ မေလ ၇ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ခဲ့လို့ အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေရှိသလို နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မင်းတပ်မြို့အနီးဝန်းကျင်ကို မနေ့မနက် ၁ နာရီခွဲချိန်မှာ ဗုံး ၂ လုံးကြဲခဲ့ပြီး နေအိမ်ပျက်စီးမှုများရှိခဲ့သလို နေ့လည် ၂ နာရီ ၄၀ ဝန်းကျင်မှာလည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့လို့ အစိုးရအဆောက်အဦနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ အသက်ဆုံးရှုံးတာတွေလည်းရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ၈ လသားအရွယ်ကလေးငယ်အပါအဝင် စုစုပေါင်း…

Read More

ကလေးမြို့မှာ တွန်းဇံမြို့မှ ဆင်းလာသောအမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် ကို အနောက်ကနေ ကားတစ်စီးက တိုက်မိပြီး ယင်းအမျိုးသမီး၂ ဦး ပွဲချင်းပြီးသေဆုံး

မေလ ၇ ရက်။ မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသမီး ၂ ဦး စီးလာတဲ့ ဆိုင်ကယ် ကို Skat ကုန်တင်ကား တစ်စီးက အနောက်ကနေ တိုက်မိပြီး တက်ကြိတ်တဲ့ အတွက် ယင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ ရပါတယ်။ “Skat ကား က ဆိုင်ကယ် နောက်ကနေ တိုက်ပြီး ကားဘီး နဲ့ နင်းသွားတယ်။ ယာဉ်တိုက်မှု ဖြစ်တော့ Skat ကားသမား…

Read More

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၄ ဦး အပါအ၀င် မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံး

မေလ ၇ ရက်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံးတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး ၄ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ဒီကနေ့ မေလ ၇ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ အချက်အလက်ရ စစ်ကိုင်းတိုင်းဒေသကြီးက အယောက် ၃၀ မန္တလေးတိုင်းက (၁၄) ဦး ပဲခူးတိုင်းက ၅ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဧပြီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အမျိုးသမီး (၇၁) ဦးထဲက ၁၃ ဦးဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၀ လောက်ရှိသလို ကျန်တာက လေကြောင်းကြောင့်…

Read More

မလေးရှားနိုင်ငံမှာ ချင်းအမျိုးသား ၁ ဦး ၃ ထပ်တိုက်ပေါ်က ပြုတ်ကျ သေဆုံး

မေလ ၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဇာတိ အသက် ၃၁ နှစ်အရွယ် ချင်းအမျိုးသား ၁ ဦးဟာ မေလ ၄ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလမ်လာပူမြို့မှာ ၃ ထပ်တိုက်ပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ Falam Pawlpi Malaysia(FPM-FRO)တာဝန်ရှိသူတွေဆီက သိရပါတယ်။ FPM-FRO မှ တာဝန်ရှိသူတစ်ဦးက” မေလ ၄ရက်နေ့ မနက် လေးနာရီလောက်ကျတာ ဖြစ်မယ်လို့ပြောကြတယ် သူများ အိပ်နေတဲ့အချိန်ဆိုတော့ မတော်တဆ ပြုတ်ကျသွားတာလား အပြင်ထွက်ဖို့ကြိုးစာရင်း ပြုတ်ကျတာလား တော့ ဘယ်သူကမှ မသိကြဘူး။ လက်ရှိအလောင်းကို စစ်ဆေးမှုတွေ လုပ်တုန်းဆိုတော့ မသဂြိုလ်ရသေးဘူး သဂြိုလ်မည့် နေရာမရသေးလို့ မသိရသေးဘူး “လို့ ပြောပါတယ်။ တိုက်ပေါ်က ပြုတ်ကျ သေဆုံးသူဟာ အသက်…

Read More