
ချင်းပြည်မှာ ချင်းဒေသကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှုများလာခြင်းကြောင့် မီဇိုရမ်ပြည်က စစ်ရှောင်အများအပြား နေရပ်ပြန်ရန်မျှော်လင့်နေ
ဒီဇင်ဘာလ ၂၇ ရက်။ ချင်းပြည်နယ်အတွင်း ချင်းဒေသကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှု အများအပြားပြန်လည်ရရှိနေပြီဖြစ်သဖြင့် စစ်ရှောင်ဒုက္ခသည်အများအပြားမှာ နေရပ်ပြန်ရန် မျှော်လင့်နေကြကြောင်း မီဇိုရမ် ပြည်နယ်အစိုးရရဲ့ ဒုက္ခသည်များတည်းခိုနေထိုင်ရန် ရွေးချယ်မှုများကို စုံစမ်းစစ်ဆေးရေးတာဝန်ယူထားတဲ့ သုတေသနအဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုမှာပါရှိတယ်လို့ အိန္ဒိယအခြေစိုက် Northeast Today မီဒီယာက ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ သတင်းဖော်ပြပါတယ်။ ယခုဒီဇင်ဘာလအတွင်း ချင်းပြည်က မင်းတပ်နဲ့ကန်ပက်လက်မြို့အချို့ကို ဒေသကာကွယ်ရေးတပ်များမှ ထပ်မံထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရ၏ အစီအမံဖြင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင်နေထိုင်သူများမှာ အခြားနေရာများသို့ရွှေ့ပြောင်းနေထိုင်မှုကြောင့် နှစ်ပတ်အတွင်း စခန်းအတွင်းနေထိုင်သူဦးရေ လေးရာနီးပါး လျှော့နည်းသွားကြောင်း မီဇိုရမ်ပြည်နယ် သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနကထုတ်ပြန်ထားတယ်လို့ NET မီဒီယာမှာဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည်ဦးရေမှာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ၃၃,၀၃၆ ဦးရှိပြီး…