ကျေးငှက်တွေ သားပေါက်ချိန်ဖြစ်တာကြောင့် မင်းတပ်မြို့နယ်မှာ ငှက်ပစ်အမဲလိုက်တာကို ၂ လ တိတိ တားမြစ်
မေလ ၁ ရက်။ ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်အတွင်း ကျေးငှက်တွေ အသိုက်တွင်း ဥများ ဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ငှက်ပစ်အမဲလိုက်တာတွေကို မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ အထိ ၂ လတိတိတားမြစ်ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ မေလ ၁ ရက်နေ့မှာ ဒေသန္တရအမိန့်ထုတ်ပြန်လိုက်ပါတယ်။ အခုချိန်ကာလဟာ ကျေးငှက်တွေအသိုက်တွင်း ဥများဥချပြီး သားပေါက်ချိန်ဖြစ်တာကြောင့် ဒီအဖိုးတန် သဘာဝတောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် လေသေနတ်၊ တူမီးသေနတ်၊ ပွိုင့်တူးတူး သေနတ်၊ လောက်လေးဂွတွေနဲ့ ငှက်ပစ်အမဲလိုက်ခြင်းကို ၂ လတိတိ တားမြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ မင်းတပ်မြို့နယ်အတွင်းက ကျေးငှက်တွေဟာ ရှားပါးငှက်မျိုးစိတ်တွေပါဝင်ကြပြီး အဖိုးတန်သဘာဝအမွေနှစ်တွေဖြစ်တာကြောင့် ဝိုင်းဝန်းထိန်းသိမ်းကြရမှာဖြစ်သလို အနာဂတ်ကာလတွင်လည်း ဒေသခံပြည်သူတွေအတွက် ခရီးသွားလာရေးကဏ္ထကတစ်ဆင့် ဝင်ငွေရရှိစေမှာဖြစ်တာကြောင့် တားမြစ်ချက်ကို အလေးနက်ထားလိုက်နာကြရန်နဲ့ လိုက်နာခြင်းမရှိပါက…

