စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းပြည်နယ်က အမျိုးသမီး ၄ ဦး အပါအ၀င် မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံး
မေလ ၇ ရက်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း မြန်မာနိုင်ငံအနှံ့က အမျိုးသမီး ၇၁ ဦးသေဆုံးတဲ့အထဲ ချင်းပြည်နယ်က အမျိုးသမီး ၄ ဦးပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ဒီကနေ့ မေလ ၇ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရသိရပါတယ်။ မြန်မာ့အမျိုးသမီးသမဂ္ဂ အချက်အလက်ရ စစ်ကိုင်းတိုင်းဒေသကြီးက အယောက် ၃၀ မန္တလေးတိုင်းက (၁၄) ဦး ပဲခူးတိုင်းက ၅ ဦးဖြစ်ပြီး စစ်ကိုင်းတိုင်းက ဧပြီလအတွင်း အမျိုးသမီးသေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ ဧပြီလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရတဲ့ အမျိုးသမီး (၇၁) ဦးထဲက ၁၃ ဦးဟာ အသက် ၁၈ နှစ်အောက်တွေဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရသူလည်း ၅၀ လောက်ရှိသလို ကျန်တာက လေကြောင်းကြောင့်…

