
CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မယ်လို့ CDF – Hualngoram က ထုတ်ပြန်
ဇန်န၀ါရီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟွာလ်းငိုးရမ်းဒေသအတွင်း CDF – Hualngoram အမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်တာတွေ သတင်းမှားဖြန့်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်တော့မယ်လို့ CDF – Hualngoram က ဇန်နဝါရီလ ၂၁ ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ဟွာလ်းငိုးရမ်းဒေသထဲက ရိဒ်ခေါဒါရ်မြို့နယ်အတွင်း CDF – Hualngoram နာမည်တွေသုံးပြီး မူးရှုးသောင်းကြမ်းတာ၊ အဖွဲ့အစည်းနာမည်ပျက်အောင် တမင်ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ရှိလာတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ CDF – Hualngoram က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ “ကျနော်တို့က နယ်စပ်ဒေသဖြစ်တဲ့အခါကြတော့ ကျနော်တို့ဒေသမှာ နယ်အသီးသီးကလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစ်ချို့က လက်နက်ပါတယ် တချို့ကလက်နက်မပါဘူးပေါ့နော် နယ်စပ်ဒေသဖြစ်တော့ အဝင်အထွက်များတော့ ကျနော်တို့က…