Headlines

admin

တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟု ISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် ကူကီးအမျိုးသားတပ်မတော်က တောင်းဆို

အောက်တိုဘာ ၂၅ ရက်။ တမူးမြို့နယ် သနန်ရွာမှ ဒေသခံ ၃၇ ဦးကို ကူကီးလက်နက်ကိုင်တပ်များက ဖမ်းဆီးသတ်ဖြတ်ခဲ့” ဟုISP-Myanmar မှ အချက်အလက်မှားယွင်းဖော်ပြမှုအပေါ် ပယ်ဖျက်ပေးရန် အဆိုပါဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ကူကီးအမျိုးသားတပ်မတော်(KNA-B)က ေတာင်းဆို ေကြာင်းဒီနေ့အောက်တိုဘာလ ၂၅ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) မှ (၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက် မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ အထိ) “ဘုတလင်ဖြစ်စဉ်အပါအဝင် စစ်ကောင်စီကျူးလွန်ခဲ့သော အစုအပြုံလိုက်သတ်ဖြတ်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က သတင်းအချက်အလက် ထုတ်ပြန်ရာတွင် “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တမူးမြို့နယ်…

Read More

တီးတိန်မြို့နယ်အတွင်း ဘိန်းခင်း ဧက၂၀ကျော်ကို PPF ZOLAND နှင့် PDF ZOLAND ပူးပေါင်းဖျက်ဆီး

အောက်တိုဘာလ ၂၄ ရက်။ ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ ဘိန်းစိုက်ထားတဲ့ စိုက်ခင်းဧက(၂၀) ကျော်ကို အောက်တိုဘာလ ၂၂-၂၃ ရက် မှာ ၂ ရက်ဆက်တိုက် ဘိန်းပင်တွေဖျက်ဆီးနိုင်ခဲ့တယ်လို့ PDF Zoland ခေါင်းဆောင်တစ်ဦးမှ Chin World Media ကိုပြောပြပါတယ်။ ဘိန်းစိုက်တဲ့ ပိုင်ရှင်တွေဆီကိုသတိပေးစာကို ပေးထားသော်လည်း လိုက်နာမှုမရှိသည့်အပြင် ဆက်လက်လုပ်ဆောင်နေသောကြောင့် PDF Zoland နှင့် PPF Zoland ပူးပေါင်းရှင်းလင်းရခြင်းဖြစ်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ “ခေတ်ကာလမကောင်းတဲ့ကြားမှာမကောင်းတဲ့စီးပွားရေးဖြစ်တဲ့ ဘိန်းစိုက်တာဟာ ပြည်သူနှင့်လူမျိုးတွေကိုဖျက်စီးနိုင်တယ်၊ ပညာတတ်လူငယ်တွေအများကြီးလည်း ပျက်စီးနိုင်တဲ့ အပြင် အချိန်ကြာရင် လူမျိုးပါ တုံးသွားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်လာနိုင်တာကြောင့် အခြေအနေမဆိုးခင် အချိန်မှီ တားဆီးနိုင်ရန် အခုလိုဖျက်ဆီးရခြင်းဖြစ်ပါတယ်”လို့ PDF Zoland ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တခြားနေရာမှာရှိတဲ့…

Read More

ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်းထုတ်ပြန်

အောက်တိုဘာလ ၂၃ ရက်။ CDF – Mara တပ်ဖွဲ့ဝင်တွေအနေနဲ့ မိဘရင်ခွင်ကို ပြန်လည်ခိုလှုံကြပါရန်နှင့် ထိုသို့ပြန်လည်ခိုလှုံလာသူတွေကို MTC/MDF က လုံခြုံရေးအာမခံချက် အပြည့်အဝ ပေးမယ်ဆိုတဲ့ MTC /MDF ထုတ်ပြန်ခဲ့ဘူးတဲ့ စကားရပ်ဟာ IMC / CDF – Mara ကို လက်နက်ချအညံံံံ့ခံရန် ရည်ရွယ်ရေးသားခဲ့ခြင်းမဟုတ်တဲ့အကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MTC/MDF)က ဒီကနေ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ရှင်းလင်းစာထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ – ၁၆ ရက်နေ့မှာ မရာငြိမ်းချမ်းရေးကော်မရှင်ရဲ့ ဦးဆောင်မှုနဲ့ MTC/MDF နဲ့ CDF – Mara ပြန်လည်ပေါင်းစည်းရေး အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ (RIC) အစည်းအဝေးတွင် IMC / CDF –…

Read More

ချင်းအမျိုးသားတက္ကသိုလ်(CNU)အကြိုကောလိပ် ဒီနှစ်ကုန်မှာ စတင်ဖွင့်မယ်

အောက်တိုဘာလ ၂၃ ရက်။ ချင်းအမျိုးသားတက္ကသိုလ် (The Chin National University – CNU)၏ အကြိုကောလိပ်ဒီပလိုမာ သင်တန်းကို ဒီနှစ်ကုန် လာမည့်နှစ်သစ် ၂၀၂၅ ဇန်နဝါရီလ ဒုတိယအပတ်ကနေ စတင်ဖွင့်လှစ်တော့မယ်လို့ ချင်းပြည် (Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်မှာ ဖွင့်လှစ်သင်ကြားမယ့် အကြိုကောလလိပ် ဒီပလိုမာသင်တန်းတွက် အင်္ဂလိပ်စာကျွမ်းကျင်မှုဘာသာရပ်နဲ့ ကွန်ပျူတာကျွမ်းကျင်မှုဘာသာရပ်အတွက် စေတနာ့ဝန်ထမ်း၊ နည်းပြဆရာ၊ ဆရာမတွေ လိုအပ်လျက်ရှိတာကြောင့် သတ်မှတ်ချက်တွေနဲ့ ကိုက်ညီသူတွေ လျှောက်ထားနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကျောင်း တက္ကသိုလ်၊ကောလိပ်နဲ့ ပက်သက်ဆက်နွယ်မှုမရှိတဲ့ အင်္ဂလိပ်စာဖြင့် မဟာဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ဆရာမတွေကို ဖိတ် ကွန်ပျူတာဘာသာရပ်နှင့် မဟာဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ဆရာမများ နဲ့…

Read More

မတူပီမြို့နားကတောအုပ်ကြီးကိုစစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရ

အောက်တိုဘာလ ၂၂ ရက်။ မတူပီမြို့နား အနောက်ဖက် တောအုပ်ကြီးဖက်ကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂) လုံးကြဲချသွားတယ်လို့ CDF – Matupi တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်ကပြောပါတယ်။ မတူပီမြို့သိမ်းပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်တာလို့ သိရပြီး လူအထိအခိုက် အပျက်အစီးတော့ မရှိဘူးလို့ သိရပါတယ်။ CDF -Matupiတပ်မဟာ(၁)ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုပ်က “ မြို့တွင်းနေထိုင်တဲ့ ပြည်သူတွေကိုတော့ ကတုတ်ကျင်းတူးကြဖို့ တစ်ခုခုဆို အရေးပေါ်ဝင်ပုန်းဖို့ ပြောထားတာရှိတယ်။ လေကြောင်းနဲ့ပတ်သက်ရင် မြို့တွင်းနေပြည်သူတွေကို သေချာလေး မှာထားပါတယ်” လို့ပြောပါတယ်။ မတူပီမြို့ကိုတော့ CDF – Matupi တပ်မဟာ (၁) ပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က…

Read More

မရာနယ်မြေအတွင်းက (NGOsINGOs)တွေ ဒေသန္တရအုပ်ချုပ်ရေးဌာနကို နိုဝင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထား သတင်းပို့်ဖို့ MTC အသိပေး

အောက်တိုဘာလ ၂၂ ရက်။ ချင်းပြည်နယ်၊မရာနယ်မြေအတွင်း အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်း (NGOs/INGOs) တွေအနေနဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်အသိပေးထားပါတယ်။ (NGOs/INGOs) အနေနဲ့လုပ်ငန်းစီမံကိန်းတွေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့စေဖို့နဲ့ လုံခြုံမှုရှိစေရန်အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြည်ထဲရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာနကို သတင်းပို့ရမယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ – MTC က ထုတ်ပြန်ထားတာဖြစ်ပါတယ်။ သတင်းပေးပို့မှုတွင် စီမံကိန်းတာဝန်ခံ၊ ပြုလုပ်မည့်စီမံကိန်းအမျိုးအစား၊ စီမံကိန်းကာလ၊ သုံးစွဲမည့်ရန်ပုံငွေ၊ ပံ့ပိုးတဲ့အဖွဲ့အစည်းတွေကို သတင်းပို့ရန်လိုအပ်တယ်လို့ ဆိုထားပြီး လက်ရှိကာလမှာ မလိုလားအပ်တဲ့ တရားမဝင်အဖွဲ့အစည်းတွေနဲ့ တရားမဝင်ဆေးဝါးသယ်ဆောင်မှုတွေ ရှိနေတဲ့အတွက် ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ သတင်းပေးပို့ခြင်းမရှိတဲ့…

Read More

ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာ အချင်းချင်း ပြေလည်ပြီး စစ်ဘေးရှောင်ပြည်သူတွေ အပူအပင်မရှိ ပြန်လာနိုင်အောင်ကြိုးစားဆောင်ရွက်သွားမယ်လို့ CDF – Matupi တပ်မဟာ ၂ ထုတ်ပြန်

အောက်တိုဘာလ ၂၁ ရက်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ တပ်မဟာအချင်းချင်း ပြေလည်ပြီး နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတွေ မိမိမြို့၊ရွာကို အပူအပင်မရှိ ပြန်လည်ဝင်ရောက်လာနိုင်အောင် တတိယအဖွဲ့အစည်း (Third Party)နဲ့ အတူ ကြိုးစားဆောင်ရွက်သွားမယ်လို့ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ – ၂) က ရဲဘော်တွေဟာ ၆ လအတွင်းမှာ တိုင်းပြည်နယ်လူမျိုးအတွက် ၁ ဦး ကျဆုံးပြီး ခြေထောက်ဆုံးရှုံးသူ ၁ ဦးနှင့် ဒဏ်ရာရသူ (၇) ဦးအထိ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ကျေခဲ့ကြတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းအမျိုးသားပိုင်နက်နယ်မြေကို…

Read More

ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ သဘာဝဘေးဖြစ်နိုင်တယ်လို့ မိုးဇလက သတိပေးထုတ်ပြန်

အောက်တိုဘာလ ၂၁ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အသိပေးထားပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း အဖြစ်ရောက်ရှိခဲ့ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်ဟာ အနောက် – အနောက်မြောက်ဘက်ကို ရွှေ့လျားပြီး အားကောင်းနိုင်တာကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့မှာ ပင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဒီကနေ့ကနေ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ပဲခူူးတိုင်း၊…

Read More

ချင်းဖိုက်တာ Tial Thang အမေရိကန်ဖိုက်တာကိုရှုံးနိမ့်

အောက်တိုဘာလ ၁၉ ရက်။ ဘက်စုံသုံးတိုက်ခိုက်ရေး(MMA)ချင်းဖိုက်တာ တီာလ်ထန်း ( Tial “The Dragon Leg” Thang ) ဟာ အောက်တိုဘာလ ၁၉ ရက်မှာ အမေရိကန်နိုင်ငံ၊ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒေလ်းဖီးယား မြို့မှာ ကျင်းပခဲ့တဲ့ Cage Fury Fighting Championship 137 ပြိုင်ပွဲမှာ အမေရိကန်ဖိုက်တာChristian Mcauley နဲ့ထိုးသတ်ခဲ့ကာ ဒုတိယအချီမှာ ပြိုင်ဘက်ရဲ့ချုပ်ကွက် ထိုးကွက်အောက်မှာ ရှုံးနိမ့်သွားပါတယ်။ ချင်းဖိုက်တာ တီာလ်ထန်းကတော့ အသက် ၃၁ နှစ်ရှိပြီဖြစ်ကာ ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝမှာ One Championship ပွဲတွေနဲ့အခုပွဲ အပါအဝင် ပွဲပေါင်း ၁၉ ပွဲ ထိုးသတ်ထားပြီး ၁၀ ပွဲနိုင်၊ ၈ ပွဲရှုံး၊ ၁ ပွဲပျက် ရလဒ်ထွက်ပေါ်ထားပါတယ်။ တီာလ်ထန်းနဲ့ထိုးသတ်ခဲ့တဲ့…

Read More

မလေးရှားက ချင်းအမျိုးသားတစ်ဦးကို ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းမိတယ်လို့သိရ

အောက်တိုဘာလ ၁၉ ရက်။ မလေးရှားနိုင်ငံမြောက်ပိုင်း၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် စိုက်ပျိုးရေးခြံကချင်းအမျိုးသားကို ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်က ကိုက်သတ်သွားတဲ့ ကျားကို အရှင်ဖမ်းဆီးရမိတယ်လို့ မလေးရှားမီဒီယာတွေရဲ့သတင်းအရ သိရပါတယ်။ အဲ့ဒီကျားကို တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးနဲ့ အမျိုးသားဥယျာဉ်များဌာနမှ ထောင်ချောက်ဆင်ပြီး ဒီနေ့ အောက်တိုဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် တောတွင်းတစ်နေရာမှာ အရှင်ဖမ်းဆီးရမိတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်တဲ့ ချင်းအမျိုးသားတစ်ဦး အလုပ်ကအပြန် ထမင်းဟင်းချက်ပြုတ်ဖို့ ပြင်ဆင်နေစဉ် ကျားဆွဲတာခံရပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ဒီ ကျားဟာ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင် Batu Melintang နဲ့ Perak ပြည်နယ် Gerik မြို့က ချင်းအမျိုးသားတစ်ဦးအပါအဝင် အမျိုးသား နှစ်ဦး ကို…

Read More