ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ သဘာဝဘေးဖြစ်နိုင်တယ်လို့ မိုးဇလက သတိပေးထုတ်ပြန်
အောက်တိုဘာလ ၂၁ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရယ်တွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ အသိပေးထားပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း အဖြစ်ရောက်ရှိခဲ့ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်ဟာ အနောက် – အနောက်မြောက်ဘက်ကို ရွှေ့လျားပြီး အားကောင်းနိုင်တာကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့ကနေ ၂၃ ရက်နေ့မှာ ပင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဒီကနေ့ကနေ အောက်တိုဘာလ ၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ပဲခူူးတိုင်း၊…

