စစ်အာဏာသိမ်းပြီးနောက် ချင်းမြေတွင် ပထမဆုံးအသတ်ခံရသည့် သင်းအုပ်ဆရာ
ဆလိုင်းထန်စွမ်းလျံ လွန်ခဲ့သော ၄ နှစ် ၂၀၂၁ ခုနှစ်၊စက်တင်ဘာလ ၁၈ ရက်မှာ မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ချင်းပြည်နယ်၊ထန်တလန်မြို့မှာ ပြည်သူများရဲ့ နေအိမ်များ မီးလောင်ကျွမ်းနေ မှုကို မီးငြိမ်းသတ်ဖို့ကြိုးစားတဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ၁ ဦးကို စစ်ကောင်စီတပ်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ထိုအချိန်က Chin World Media မှာ ဖော်ပြခဲ့တဲ့ အမှတ်တရ ဆောင်းပါးကို ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယခုပြန်လည် ဖော်ပြလိုက်ပါတယ်။ -အယ်ဒီတာ) အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်အတွင်းမှ သင်းအုပ်ဓမ္မဆရာအချို့ကိုတစ်ဦးလျှင် ကျပ်တစ်သောင်း ရှစ်ထောင်နှုန်း ထောက်ပံ့ပြီးတစ်လမပြည့်မီမှာပင် သင်းအုပ်ဓမ္မဆရာတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ ချင်းပြည်နယ်၏ မြို့တော်ဟားခါးနှင့် မိုင် (၂၀) ကျော်သာ ဝေးသည်ထန်တလန်မြို့ပေါ်တွင် အသတ်ခံလိုက်ရခြင်းဖြစ်သည်။ ထိုမျှမကသေး၊ အဆိုပါဓမ္မဆရာ၏ လက်ချောင်းကိုဖြတ်ကာ ရွှေလက်စွပ်၊ နာရီနှင့်လက်ကိုင်ဖုန်းတို့ကိုလည်း လုယူသွားခဲ့ကြသေးသည်။…

