
Chinland Council အဖွဲ့ဝင်၊တွန်းဇံမြို့နယ်ကောင်စီဥက္ကဌပူးထန်ဆွင်းမုန်နဲ့အင်တာဗျူး
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုက ချင်းပြည်နယ်မြောက်ပိုင်းရှိကျီခါးမြို့နှင့်တွန်းဇံမြို့ကို မေ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ ကျီခါးမြို့ကို ချင်းတော်လှန်ရေးအင်အားစုများက မေ ၁၉ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ တွန်းဇံမြို့နယ်ကို မေလ ၂၃ ရက် မှာ ချင်းတော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။တွန်းဇံမြို့ကို သိမ်းပိုက်ခဲ့ပြီးေ နာက် ၂ လ နီးပါးအကြာ ယခုလက်ရှိ တွန်းဇံမြို့အ ခြေ အ နေနဲ့တွန်းဇံမြို့ကို ဘယ်လိုအုပ်ချုပ်စီမံ နေလဲဆိုတာကို Chinland Council အဖွဲ့ဝင်၊ CDF-Tonzang စစ်ဦးစီးချုပ်၊ Tonzang Township Council ဥက္ကဌ ပူးထန်ဆွင်းမုန် နှင့် တွန်းဇံမြို့နှင့် ပတ်သက်သော အရေးကိစ္စများကို Chin World Media က ဇူလိုင် ၁၇ ရက်မှာ…