
ထန်တလန်မြို့ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင် ၁၀ ဦးကိုတရားစွဲဆိုဖို့ဆက်ကြိုးပမ်းသွားမယ့် CHRO
ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကိုစုံစမ်းစစ် ဆေးပေးရန် ချင်းတိုင်းရင်းသားများက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တရားရေးဌာနကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ တိုင်ကြားစာပေးပို့ပြီး တရားစွဲရန်လျှောက်ထားခဲ့ခြင်းကို တရားရုံးက ၂၀၂၄ ခုနှစ် မေလ မှာ ပယ်ချခဲ့ပါတယ်။ ဖိလစ်ပိုင်တရားရုံးဘက်ကတော့ ဒီရာဇဝတ်မှုဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဖြစ်ပွားတာမဟုတ်ဘဲ တခြားနိုင်ငံမှာ ဖြစ်ပွားခဲ့တာကြောင့် အမှုကို ပယ်ချတာလို့ တိုင်ကြားစာပေးပို့သူတွေဆီကို အကြောင်းပြချက်ပေးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့( CHRO) တာဝန်ရှိသူက သတင်းမီဒီယာ တွေမှာ ဖြေကြားထားပါတယ်။ ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူပေါင်းအနည်းဆုံး ၂၅၀ သတ်ဖြတ်ခံခဲ့ရပြီး…