Input your search keywords and press Enter.

ဟားခါးမြို့မိမြို့ဖ များမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံပလက်ဝစားနပ်ရိက္ခာကိစ္စ အရေးထားဆောင်ရွက်ပေးဖို့တောင်းဆို

Shing Mang

ဟားခါးမြို့တွင်ယနေ့ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် ဒေသခံ မြို့မိမြို့ဖများမှ ပလက်ဝ မြို့နယ်တွင် လိုအပ်နေသည့် စားနပ်ရိက္ခာအလေးထားဆောင်ရွက်ပေးဖို့နှင့်ဟားခါးတက္ကသိုလ်တွင်တည်ဆောက်နေသည့် ဘုရားကျောင်းအဆောက်အဦးအတွက် ကူညီပေးရန်တောင်းဆို ခဲ့ကြောင်းသိရသည်။

“ ကျွန်တော်တို့ ပလက်ဝကိစ္စရယ်၊ ဘုရားကျောင်းငယ်ဆောက်ရန်ကူညီဖို့ တောင်းဆိုခဲ့တယ်၊ပလက်ဝမှာ စားဝတ်နေရေးခက်နေတယ် ၊ ဆန်စျေးတွေလည်းတက်နေတယ် လမ်းတွေကပိတ်နေတယ်ဆိုတော့ ဒီကိစ္စဖြေရှင်းပေးဖို့တောင်းဆိုထားတယ်၊သူ့ဘက်ကလည်းဒီကိစ္စတွေလုပ်ပေးနေတယ်လို့လည်းပြောတယ်၊ကြိုးစားပြီးလည်းလုပ်ပေးပါ့မယ်လို့လည်းပြောပါတယ်၊ပြီးတော့၊ဟားခါးတက္ကသိုလ်မှာ ဆောက်နေတဲ့ ဘုရားကျောင်းငယ် အတွက်လည်း သဲနဲ့အုတ် လောက်တော့ ကူညီပေးဖို့ကြိုးစားမယ်လို့တော့ပြောတယ်၊” ဟု ဟားခါးမြို့ မြို့မိမြို့ Pu Hrang Vung မှ ပြောသည်။

ယနေ့တွေ့ဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှေကျွန်တော်တို့နိုင်ငံမှာ ပညာတက်အများကြီးလိုအပ်ကြောင်း ၊စိုက်ပျိုးရေးပိုင်းမှာလည်း တိုးတက်ဖို့လိုအပ်ကြောင်း၊󠇇ဒေသတွင်လည်း

စိုက်ပျိုးရေး တက္ကသိုလ်ကောင်းကောင်းရှိပြီး လူငယ်များ ကို သင်ကြားပေးနိုင်ရင် ကျွန်တော်တို့နိုင်ငံ ပိုမိုတိုးတက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။
ဆက်ပြီး Pu Hrang Vung မှ “ကျွန်တော်တို့ တောင်းဆိုတဲ့ ပလက်ဝကိစ္စရယ် ဘုရားကျောင်းငယ်ဆောက်ဖို့အတွက်ကို ကူညီမယ်လို့ပြောတော့ ပီတိဖြစ်မိတယ်၊ဘုရားကျောင်းအတွက်လည်း ကုန်ကျမယ့်စာရင်းကိုလည်း ကျွန်တော်တို့ တင်ပြမယ်၊အတက်နိုင်ဆုံးတော့ ကူညီမယ်လို့တော့ မျှော်လင့်ပါတယ်” ဟုပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ချင်းပြည်နယ်အတွင်းရှိ တီးတိန် မြို့နယ်နယ်မြေခံတပ်နယ်နှင့်ဟားခါးတပ်နယ်ရှိအရာရှိ၊စစ်သည်မိသားစုများအားသီးခြားတွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး ယနေ့မနက် ၈နာရီခန့်တွင် ဟားခါးမြို့ဒေသခံများနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီလ ပထမအပတ်တွင် ကျောက်တော်နှင့် ပလက်ဝမြို့ရေလမ်းကြောင်း သွားလာမှု ရပ်ဆိုင်းခဲ့ရပြီး မိုင် ၂၀၀ ခန့်ဝေးသည့် ကုန်းလမ်းဖြင့် စားနပ်ရိက္ခာပို့ ဆောင်နေရခြင်း ဖြစ်သည်။

ပလက်ဝမြို့ပေါ်တွင် စားနပ်ရိက္ခာ ပြတ်လပ်နေသည့်အပြင် လက်နက်ကြီးသံများ နေ့စဉ်ကြားနေရပြီး ဒေသခံများ အနေဖြင့့်် စိုးရိမ်ထိတ်လန့် နေကြကြောင်းလည်း သိရသည်။

Zawgyi

ဟားခါးၿမိဳ႕မိၿမိဳ႕ဖ မ်ားမွ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံပလက္ဝစားနပ္ရိကၡာကိစၥ အေရးထားေဆာင္ရြက္ေပးဖို႔ေတာင္းဆို

Shing Mang

ဟားခါးၿမိဳ႕တြင္ယေန႔ျပဳလုပ္ေသာ လူထုေတြ႕ဆုံပြဲတြင္ ေဒသခံ ၿမိဳ႕မိၿမိဳ႕ဖမ်ားမွ ပလက္ဝ ၿမိဳ႕နယ္တြင္ လိုအပ္ေနသည့္ စားနပ္ရိကၡာအေလးထားေဆာင္ရြက္ေပးဖို႔ႏွင့္ဟားခါးတကၠသိုလ္တြင္တည္ေဆာက္ေနသည့္ ဘုရားေက်ာင္းအေဆာက္အဦးအတြက္ ကူညီေပးရန္ေတာင္းဆို ခဲ့ေၾကာင္းသိရသည္။

“ ကၽြန္ေတာ္တို႔ ပလက္ဝကိစၥရယ္၊ ဘုရားေက်ာင္းငယ္ေဆာက္ရန္ကူညီဖို႔ ေတာင္းဆိုခဲ့တယ္၊ပလက္ဝမွာ စားဝတ္ေနေရးခက္ေနတယ္ ၊ ဆန္ေစ်းေတြလည္းတက္ေနတယ္ လမ္းေတြကပိတ္ေနတယ္ဆိုေတာ့ ဒီကိစၥေျဖရွင္းေပးဖို႔ေတာင္းဆိုထားတယ္၊သူ႔ဘက္ကလည္းဒီကိစၥေတြလုပ္ေပးေနတယ္လို႔လည္းေျပာတယ္၊ႀကိဳးစားၿပီးလည္းလုပ္ေပးပါ့မယ္လို႔လည္းေျပာပါတယ္၊ၿပီးေတာ့၊ဟားခါးတကၠသိုလ္မွာ ေဆာက္ေနတဲ့ ဘုရားေက်ာင္းငယ္ အတြက္လည္း သဲနဲ႔အုတ္ ေလာက္ေတာ့ ကူညီေပးဖို႔ႀကိဳးစားမယ္လို႔ေတာ့ေျပာတယ္၊” ဟု ဟားခါးၿမိဳ႕ ၿမိဳ႕မိၿမိဳ႕ Pu Hrang Vung မွ ေျပာသည္။

ယေန႔ေတြ႕ဆုံပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ေမွကၽြန္ေတာ္တို႔နိုင္ငံမွာ ပညာတက္အမ်ားႀကီးလိုအပ္ေၾကာင္း ၊စိုက္ပ်ိဳးေရးပိုင္းမွာလည္း တိုးတက္ဖို႔လိုအပ္ေၾကာင္း၊󠇇ေဒသတြင္လည္း

စိုက္ပ်ိဳးေရး တကၠသိုလ္ေကာင္းေကာင္းရွိၿပီး လူငယ္မ်ား ကို သင္ၾကားေပးနိုင္ရင္ ကၽြန္ေတာ္တို႔နိုင္ငံ ပိုမိုတိုးတက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္ ဟုသိရသည္။
ဆက္ၿပီး Pu Hrang Vung မွ “ကၽြန္ေတာ္တို႔ ေတာင္းဆိုတဲ့ ပလက္ဝကိစၥရယ္ ဘုရားေက်ာင္းငယ္ေဆာက္ဖို႔အတြက္ကို ကူညီမယ္လို႔ေျပာေတာ့ ပီတိျဖစ္မိတယ္၊ဘုရားေက်ာင္းအတြက္လည္း ကုန္က်မယ့္စာရင္းကိုလည္း ကၽြန္ေတာ္တို႔ တင္ျပမယ္၊အတက္နိုင္ဆုံးေတာ့ ကူညီမယ္လို႔ေတာ့ ေမၽွာ္လင့္ပါတယ္” ဟုေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္သည္ ခ်င္းျပည္နယ္အတြင္းရွိ တီးတိန္ ၿမိဳ႕နယ္နယ္ေျမခံတပ္နယ္ႏွင့္ဟားခါးတပ္နယ္ရွိအရာရွိ၊စစ္သည္မိသားစုမ်ားအားသီးျခားေတြ႕ဆုံမႈမ်ားျပဳလုပ္ခဲ့ၿပီး ယေန႔မနက္ ၈နာရီခန႔္တြင္ ဟားခါးၿမိဳ႕ေဒသခံမ်ားႏွင့္ ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္တြင္ ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္တို႔အၾကား တိုက္ပြဲမ်ား ျဖစ္ပြားေနမႈေၾကာင့္ ေဖေဖာ္ဝါရီလ ပထမအပတ္တြင္ ေက်ာက္ေတာ္ႏွင့္ ပလက္ဝၿမိဳ႕ေရလမ္းေၾကာင္း သြားလာမႈ ရပ္ဆိုင္းခဲ့ရၿပီး မိုင္ ၂၀၀ ခန႔္ေဝးသည့္ ကုန္းလမ္းျဖင့္ စားနပ္ရိကၡာပို႔ ေဆာင္ေနရျခင္း ျဖစ္သည္။

ပလက္ဝၿမိဳ႕ေပၚတြင္ စားနပ္ရိကၡာ ျပတ္လပ္ေနသည့္အျပင္ လက္နက္ႀကီးသံမ်ား ေန႔စဥ္ၾကားေနရၿပီး ေဒသခံမ်ား အေနျဖင့့္္ စိုးရိမ္ထိတ္လန႔္ ေနၾကေၾကာင္းလည္း သိရသည္။