အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ မဏိပူရ်၊ မီဇိုရမ် နဲ့ နာဂလန်း ပြည်နယ်များသို့နိုင်ငံခြားသားများ ဝင်ရောက်သွားလာခွင့်၊ အိမ်နီးချင်းနိုင်ငံများမှ ဝင်လာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး ကန့်သတ်ချက်များအတွက် (Protect AreaRegime – PAR) ကို အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနကပြန်လည်ပြဌာန်းလိုက်ပါတယ်။ ဒါကြောင့် အဆိုပါပြည်နယ်သုံးခုကို သွားရောက်လိုတဲ့နိုင်ငံခြားသားများအနေနဲ့ ကြိုတင်ခွင့်ပြုချက်များနဲ့ အထူးခွင့်ပြုမိန့်များဖြင့်သာသွားရောက်ဖို့လိုအပ်လာမှာဖြစ်ပါတယ်။
မဏိပူရ်ပြည်နယ်၊ နာဂလန်းပြည်နယ် နဲ့ မီဇိုရမ်ပြည်နယ်တို့မှာ နိုင်ငံခြားသားများရွှေ့ပြောင်းနေထိုင်မှုကို စောင့်ကြည့်ရန် အစီအစဉ်ဖြစ်တဲ့ “အိမ်နီးချင်း နိုင်ငံများမှဝင်ရောက်လာမှုကြောင့် လုံခြုံရေး စိုးရိမ်စရာများ” ဆိုတဲ့ခေါင်းစဉ်နဲ့ညွှန်ကြားချက်ကိုအိန္ဒိယနိုင်ငံဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့ခြင်းဖြစ်ကြောင်းဒီဇင်ဘာလ (၁၈)
ရက်နေ့က မဏိပူရ်ပြည်နယ်အစိုးရ ပြောကြားလိုက်တာဖြစ်ပါတယ်။
ထိုသို့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ပြည်နယ်သုံးခုကို လာရောက်လည်ပတ်တဲ့နိုင်ငံခြားသားများအနေနဲ့ အစိုးရဆီက ကြိုတင်ခွင့်ပြုချက်နဲ့အထူးခွင့်ပြုချက်ရယူရတော့မှာဖြစ်ပြီး ၁၄ နှစ်အကြာပြည်နယ်သုံးခုအတွင်း
လွတ်လပ်စွာသွားလာခွင့်လျှော့ပေါ့မှုကို ရုတ်သိမ်းခြင်းဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အရ နိုင်ငံခြားသားတစ်ဦးဟာ ပြည်နယ်သုံးခုကိုလည်ပတ်ဖို့ အကြောင်းပြန်ချက် ကောင်းကောင်းမွန်မွန်မရှိပါကသဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်မြေ၊ ကာကွယ်ရေးနယ်မြေများသို့ လာရောက်ဖို့လက်ခံတော့မှာမဟုတ်ပါဘူး။ အဆိုပါ ပြည်နယ်သုံးခုဖြစ်တဲ့ မီဇိုရမ်ပြည်နယ်၊နာဂလန်းပြည်နယ် နဲ့ မဏိပူရ်ပြည်နယ်များရဲ့ နိုင်ငံခြားရေးရာဌာန (၁၉၅၈) ဥပဒေအရကာကွယ်နယ်မြေများ (PAR) အတွက် ပြောင်းလဲထားတဲ့ စံနှုန်းများနဲ့ပတ်သက်ပြီးဗဟိုအစိုးရက ပြည်နယ်အစိုးရများကို ဒီဇင်ဘာလ (၁၇) ရက်နေ့ကစာရေးသားပေးပို့ခြင်းဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် ယခင်က မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်တဲ့ပြည်နယ်သုံးခုမှာ PAR လျှော့ပေါ့မှုကို ၂၀၁၀ ကစတင်ခဲ့ပြီးနောက်ဖြေလျှော့မှုသက်တမ်းများကိုလည်း တိုးမြှင့်ခဲ့ပေးခဲ့ပါတယ်။ ဖြေလျှော့မှုတရားဝင်အမိန့်ကို၂၀၂၂ ခုနှစ်ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်ထပ်မံထုတ်ပြန်ခဲ့ပြီး ၂၀၂၇ ခုနှစ်ဒီဇင်ဘာလအထိ
အကျုံးဝင်သော်လည်း ယခုအခါ ပြည်နယ် ၃ ပြည်နယ် အတွင်း PAR ကိုပြန်လည်ပြဌာန်းခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ထိုသို့ PAR ကို ပြည်နယ်သုံးခုအတွင်း ပြန်လည်ပြဌာန်းပြီဖြစ်ကြောင်း မဏိပူရ်အစိုးရကလည်းသတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရတာဝန်ရှိသူက “ဤပြန်လည်ပြဌာန်းချက်နဲ့အတူမဏိပူရ်ကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားများရဲ့ လှုပ်ရှားမှုကိုအနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး၊ ၁၉၆၈ ခုနှစ်နိုင်ငံခြားသားများကာကွယ်ရေးအမိန့်နဲ့အညီလိုအပ်တဲ့ကာကွယ်ဧရိယာသို့သွားလာရန်ခွင့်ပြုချက် (PAP) ကိုရယူဖို့လိုအပ်တယ်”
လို့ပြောကြားပါတယ်။
မဏိပူရ်ပြည်နယ်အစိုးရ တာဝန်ရှိသူက အခုချိန်မှာ သံသယတွေပြင်းထန်တယ်။မဏိပူရ်ပြည်နယ်မှာ ကူကီး – ဇိုကောင်စီဟုခေါ်တဲ့တရားဝင်မည်သည့်အဖွဲ့အစည်းမှမရှိကြောင်း၊ မဏိပူရ်မှာဌာနချုပ်အဖြစ်ပြောဆိုဖော်ပြနေကြတဲ့ လမ်ကာအမည်နဲ့ခရိုင်မရှိကြောင်း၊ ယခုပြည်ပဖက်မှမဏိပူရ်ပြည်နယ်အတွင်း ထိုသို့အမည်များမှည့်ကာ လှုပ်ရှားမှုများဟာ တရားဥပဒေနဲ့အုပ်ချုပ်ရေးဘောင်အပြင်က လုပ်ကိုင်နေပုံရတဲ့ အဖွဲ့အစည်းများရဲ့ပြင်ပဇစ်မြစ်များနဲ့ပတ်သက်ပြီး သံသယများပေါ်ပေါက်စေတယ်လို့ ဆိုပါတယ်။
မဏိပူရ်ပြည်သူတွေကို မကြာသေးခင်က ရှုပ်ထွေးမှုတွေနဲ့ မငြိမ်မသက်ဖြစ်စေမယ့်ရည်ရွယ်ချက်နဲ့ ပေါ်ပေါက်လာခဲ့တဲ့ သံသယဖြစ်ဖွယ် မူရင်းအဖွဲ့အစည်းတွေရဲ့ပြောဆိုချက်တွေကို ဂရုမစိုက်ဘဲ သတိထားဖို့ နဲ့ နိုင်ငံတော်အစိုးရက ခွင့်ပြုခြင်းမရှိပဲ ပြင်ပမှအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံမှ သတင်းများကို သတိပြုကာ လူသိရှင်ကြားဖော်ထုတ်ခြင်းကိုရှောင်ကြဉ်ရန် ပြည်နယ်အစိုးရက တိုက်တွန်းစာကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်များအနေနဲ့နဲ့လည်း လူမျိုးနွယ်စုများအကြား ပဋိပက္ခဖြစ်ပေါ်စေရန်နောက်ကွယ်မှကြိုးကိုင်နေတဲ့ အဖွဲ့အစည်းများရဲ့နောက်ကွယ်ကရည်ရွယ်ချက်များကိုဖော်ထုတ်ရန် (First Information Report )FIR ကိုထားရှိသွားမှာဖြစ်ကြောင်းထုတ်ပြန်ပါတယ်။
မဏိပူရပြည်နယ်သည် ကူကီး – ဇိုလူမျိုးစုနှင့် Meitei လူမျိုးစုအသိုက်အဝန်းကြားရှိလူမျိုးရေးအကြမ်းဖက်မှုပဋိပက္ခဟာ ၂၀၂၃ မေလ ကတည်းကဖြစ်ပွားခဲ့ပြီး ၊ယခုအချိန်အထိတိုင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ ကျော် သေဆုံးကာ ၆၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
Photo Credit: PTI ဟိန္ဒူမီဒီယာ