Headlines

admin

အိန္ဒိယရဲ့’ဆောင်းရာသီမြို့တော်’ အဖြစ် ရပ်တည်ဖို့ မီဇိုရမ်ပြည်နယ်ဘယ်လိုကြိုးပမ်းနေလဲ?

မြန်မာပြည်က ချင်းလူမျိုးစစ်ဘေးရှောင်လူဦးရေသောင်းချီခိုလှုံရာဖြစ်ကာ ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း စီးပွားရေးကို တိုးချဲ့ဖို့နဲ့ အိန္ဒိယရဲ့ “ဆောင်းရာသီမြို့တော်” (Winter Capital) အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ‘Mizoram Travel Fest 2026’ ခရီးသွားပွဲတော်ကို အောက်တိုဘာ ၁၃ ရက်က အိုက်ဇောလ် (Aizawl) မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ပွဲတော်ဟာ ခရီးသွားလုပ်ငန်း ကဏ္ဍစုံက လုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီတွေ၊ ဒေသခံအိမ်တွင်းတည်းခိုခန်း (homestay) အသင်းအဖွဲ့တွေနဲ့ ရိုးရာအစားအသောက် ပညာရှင်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံစေခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရ ခရီးသွားလုပ်ငန်းဦးစီးဌာနနဲ့ အိန္ဒိယဗဟိုအစိုးရ ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ ဒီ ၃ ရက်တာ ပွဲတော်ဟာ ယဉ်ကျေးမှု၊ စွန့်စားမှုနဲ့ သဘာဝအခြေပြု…

Read More

ချင်းပြည်နယ်မှာ ဒီလ ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေ

အောက်တိုဘာလ ၁၃ ရက်။ အောက်တိုဘာလ ပထမပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ပထမအပတ်အတွင်း အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ အဲဒီမှာ အလင်းဝင်ပူးပေါင်းလာကြတဲ့ မကွေးတိုင်းက (၂) ဦး ၊ စစ်ကိုင်းတိုင်းက ၃ ဦး စုစုပေါင်း အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၅ ဦး အနက် ၁…

Read More

ကလေးမြို့က ပုဂ္ဂလိကဆေးရုံ ၂ ခုကို စစ်ကောင်စီက ပိတ်သိမ်းခိုင်း

အောက်တိုဘာလ ၁၃ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရှိ ပုဂ္ဂလိက ဆေးရုံတွေဖြစ်တဲ့ Royal City ဆေးရုံနဲ့ ချမ်းမြေ့ဆေးရုံ တို့ကို လိုင်စင်သက်တမ်းမတိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံကို နှစ်ရက်အတွင်း အပြီးပိတ်သိမ်းခိုင်းကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ လက်ရှိပိတ်သိမ်းခံရမယ့် ဆေးရုံတွေဘက်ကတော့ မြို့နယ် ၊ တိုင်းအထိ သက်တမ်းတိုးဖို့ စာတင်ထားပေမယ့် အထက်ကို မရောက်ဘဲ အောက်ခြေမှာတင်ပျောက်နေတာလို့သိရပြီး အောက်တိုဘာလ ၁၂ ရက်နေ့ကစလို့ အပြီးပိတ်ကြောင်းကို ဆေးရုံတွေဘက်က စာတင်လိုက်ရတာဖြစ်တယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နေဒေသခံတစ်ဦးက “ဆေးရုံဘက်က မြို့နယ်ရယ် တိုင်းအထိတင်တယ် ဒီကြားထဲ ဘယ်လိုဖြစ်လို့ မကျလဲမသိဘူးပေါ့နော် သူတို့အကြောင်းပြတာတော့ လိုင်စင်သက်တမ်းမတိုးလို့ဆိုပြီးမှ အကြောင်းပြတယ်တဲ့ ၂ ရက်အတွင်း အပြီး ပစ္စည်းတွေရွှေ့ခိုင်းတာ ပိတ်သိမ်းခိုင်းတာလို့ ကြားတယ် ချမ်းမြေ့နဲ့ Royal…

Read More

မလေးရှားမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကန်ပက်လက်ဒေသခံ မလှဝင်း ဖျားနာပြီး ကွယ်လွန်ခဲ့ရ

အောက်တိုဘာလ ၁၃ ရက်။ ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်၊ အသက် (၃၈) ရှိသူဟာ မလေးရှားနိုင်ငံမှာ အထောက်အထားမရှိလို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ဖျားနာပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ မလေးရှားမြန်မာ လူမှုကူညီရေးအသင်း(MMA)က ဒီကနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကန်ပက်လက်မြိုနယ်၊ ကျင်ဒွေးမြိုတွင် နေထိုင်သူ မလှဝင်း (ခ) မလှတင်ဟာ မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ အီပိုမြိုတွင် အလုပ်လုပ်ကိုင်နေစဉ် အထောက်အထားမရှိခြင်းကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ထိန်းသိမ်းခံနေရစဉ်အတွင်း မလှတင်ဟာ ဖျားနာလာလို့ တာပါးထိန်းသိမ်းရေးစခန်းကနေ တက်လူးအင်တန်းဆေးရုံကြီးကို ပို့ဆောင်ကာ…

Read More

ဖလမ်းမြို့လမ်းဘေးမြောင်းထဲမှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမျိုးမင်းစိုးရဲ့ သေဆုံးရုပ်အလောင်းတွေ့ရှိ

အောက်တိုဘာလ ၁၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ ၊ Dawrhlun ရပ်ကွက်ရုံးအနီးရှိ ရေမြောင်းအတွင်း ဖလမ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမျိုးမင်းစိုးရဲ့သေဆုံးလျက်ရှိတဲ့ သူ့ ရုပ်အလောင်းကို ဒေသခံတွေက အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူဟာ အသက် ၅၀ နှစ်ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးမျိုးမင်းစိုးဖြစ်တယ်လို့လည်း ဖလမ်းဒေသခံတွေက ပြောဆိုကြပါတယ်။ သေဆုံးသူရဲ့ အိတ်အတွင်းငွေသားတချို့ကိုလည်း တွေ့ရှိရတယ်လို့ ပြောကြပြီး သေဆုံးသူဟာ အရက်သောက်တတ်သူဖြစ်လို့ တစ်ယောက်တည်းသွားလာစဉ် လမ်းဘေးမြောင်းထဲချော်လဲသေဆုံးတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ဦးမျိုးမင်းစိုး သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ သေဆုံးသူ ဦးမျိုးမင်းစိုးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းလောက်မှာ Cinmual သုသာန်မှာ သဂြိုလ်မြှုပ်နှံခဲ့တယ်လို့လည်း…

Read More

မီဇိုရမ်အတွက် ရူပီး သန်း ၃,၅၀၀ တန် စီမံကိန်းသစ်များ ဗဟိုအစိုးရ ချထားပေး

အောက်တိုဘာလ ၁၂ ရက်။ အိန္ဒိယဗဟိုအစိုးရဟာ မီဇိုရမ်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း ရူပီး သန်း ၃,၅၀၀ ခန့် (ရူပီး ၃၅၀ ကုဋေ) တန်ဖိုးရှိတဲ့ စီမံကိန်းသစ်တွေကို ချထားပေးလိုက်ပြီး အရှေ့မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (DoNER) ပြည်ထောင်စုဝန်ကြီး Jyotiraditya M. Scindia က တနင်္လာနေ့မှာ စတင်ဖွင့်လှစ် မိတ်ဆက်ပေးခဲ့ပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ရဲ့ မျှော်မှန်းချက်နဲ့အညီ အရှေ့မြောက်ဒေသကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ဗဟိုအစိုးရဘက်က အလေးထား ဆောင်ရွက်ပေးတာဖြစ်ပြီး၊ အဆိုပါ လုပ်ငန်းစဉ်တွေဟာ ပြည်နယ်ရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ဒေသတွင်း ပြောင်းလဲမှုတွေအတွက် အများကြီး အထောက်အကူပြုမယ်လို့ Lengpui လေဆိပ်ကို ရောက်ရှိချိန်မှာ ဝန်ကြီး Scindia က သတင်းထောက်တွေကို…

Read More

IBA Human Rights Award 2026 ဆုကို ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ရရှိ

အောက်တိုဘာလ ၁၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ချင်းအမျိုးသမီး ဒေါ်ဇာလီအေးကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့နှစ်ပတ်လည်ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ဆု ( IBA Human Rights Award 2026 )ဆု ကို လူကိုယ်တိုင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဂုဏ်ပြုဆုဟာ တစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်သာမက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတိုအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အတူတကွ ရပ်တည်ကြိုးပမ်းခဲ့ကြသူများအားလုံး၏ စေတနာ၊ ယုံကြည်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတိုကိုပါ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုတစ်ရပ်အဖြစ် ခံယူမိတယ်လို့လည်း ဒေါ်ဇာလီအေးက ၎င်းရဲ့ ဖေ့ဘုတ်မှာ…

Read More

မြန်မာအားလုံးကို တစ်စိတ်တစ်ဝမ်းဖြစ်စေတဲ့ Joshua Van

“ မြန်မာပြည်ကိုချစ်တဲ့ မြန်မာတိုင်းက Van ကို ချစ်ခွင့်ရှိတယ် ၊ အားပေးခွင့်ရှိတယ် ” လို့ အာဏာသိမ်းစစ်တပ် ထောက်ခံ လော်ဘီလို့ လူသိများတဲ့ မပုတုမာန်ပါပါပြောဆိုသံပါ။ မြန်မာနိုင်ငံဖွား ချင်းလူငယ်ဖိုက်တာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van ကို အားပေးလို့ ဖမ်းခိုင်းနေတဲ့ တပ်ထောက်ခံသူတချို့ကို Joshua Van မျက်နှာပါတဲ့ အိမ်ကျီဝတ်ပြီး မာန်ပါပါ တုံ့ပြန်ပြောဆိုထားတဲ့ မပုတုရဲ့ ရုပ်သံဗီဒီယို လူမှုကွန်ယက်ပေါ်မှာ တွေ့မြင်ရပါတယ်။ စစ်တပ်ထောက်ခံသူတချို့က Joshua Van ဟာ အနီရောင်အမေ့သား ဖြစ်တယ်ဆိုကာ Joshua Van ကို အားပေးတဲ့ စစ်တပ်လော်ဘီ မပုတုကို ဖမ်းဆီးခိုင်းကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ၊ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းမှာ…

Read More

ရန်ကုန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ချင်းအမျိုးသမီး ၁ ဦး သေဆုံး

အောက်တိုဘာလ ၁၁ ရက်။ မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ၊ မနက်ပိုင်း (၇) နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၆) ရပ်ကွက် ၊ မင်းဓမ္မလမ်း ၊ MCC ခန်းမရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မကျိန်လန်းကိန် ၃၄ နှစ် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ မနေ့ မနက်ပိုင်းက ကျား (၁) ဦး၊ မ (၄) ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာ ဓာတ်တိုင်ကို မတော်တဆ တိုက်မိခဲ့ပြီး ကျား (၁) ၊ မ (၂) ဦး သေဆုံးခဲ့ပြီး ကျန်တဲ့…

Read More

ကျွန်တော်သိမြင်လေးစားသော နိုင်ငံတော်ကောင်စီဝင် ဗိုလ်မှူးကြီးဗန်ကူလ်း

( Salai Okla Bik) ကြာတော့ကြာလှလေပြီ။ သို့သော်ငယ်ဘဝမှာတွေ့ရမြင်ရသည်မို့ ဘယ်မေ့နိုင်မလဲ၊ ကောင်းစွာမှတ်မိနေသေးသည်။ ၁၉၇၅ခုနစ် ဧပြီလ၊ မတူပီမြို့ စန်ဘောင်ရပ်ကွက် မင်းတပ်လမ်းဆုံတစ်နေရာ ညနေစောင်းပြီ။ ထိုစဥ်ကဟားခါး – မတူပီကားလမ်းသစ်ဖွင့်ပွဲ ကျင်းပခဲ့ကြသည်။ လူထုပရိသတ်ကြီးက ထောင်းသောင်းမကရှိနေမည်၊ ရေကန်ထဲက ငါးကလေးလိုဘဲ။ မကြာမီလူကြီးတွေရောက်ကြတော့မယ် ဝန်ကြီးနှင့်အဖွဲ့ လာကြတော့မယ်ဆိုလို့ ကျနော်တို့လူငယ်အချို့ကတော့တွေ့လိုမြင်လိုစိတ်ဆန္ဒနဲ့ သစ်ပင်ပေါ်တက်ကြသည်။ စန်ဘောင်ရပ်ကွက်ဥက္ကဌဦးဘီခေါက သစ်ပင်ပေါ်မတက်ကြနဲ့ ဆင်းဆင်း မဆင်းရင်ဆိုပြီးတုတ်တံနှင့်ခြိမ်းခြောက်ကြသည်။ထိုကြောင့်တို့ကလေးတွေက ကြောက်စိတ်နဲ့ပြန်ဆင်းကြသည်။ ပြည်နယ်မြို့နယ်အဆင့်လူကြီးတွေနဲ့တစ်ကွ လူထုပရိသတ်ကြီးကလမ်းဘေးဝဲယာ တန်းစီကြကာနေရာယူထားကြသည်။ မကြာမီ ကားပေါ်ကနေဆင်းလာသည့် လူမှုဝန်ထမ်းဝန်ကြီး ဗိုလ်မှူးကြီးဗန်ကူးလ်က ရှေ့ဆုံးကထွက်လာရာ ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်းက ပထမအလေးပြုပြီး သူကလည်းတည်ငြိမ်စွာပြန်အလေးပြုခဲ့သည်။ ကျွန်တော့်အနေဖြင့်ကလေးအမြင် အတွေးနဲ့ဘာမှမသိနားမလည် အထူးအဆန်းနဲ့မြင်တွေ့ပြီး ​ကြည်ညိုလေးစားအံ့သြခြင်းမှတစ်ပါးအခြားမရှိတော့ချေ။ အရင်လိုဘဝမျိုးနေချင်တယ် အလွမ်းတေးပမာ နှစ်နဲ့ချီကြာညောင်းခဲ့ပေမယ့် သတိရတမ်းတ မမေ့နိုင်လို့ ယနေ့တက်လူငယ်များကလည်းသိရှိမှတ်သားကြဖို့ ဤသည်ဂုဏ်​ပြုဆောင်းပါးရှည်ကို လက်လှမ်းမီသမျှ…

Read More