
မလေးရှားမှာကွယ်လွန်ခဲ့သူ ချင်းလူငယ်ရုပ်အလောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ရဲ့အကူအညီနဲ့ကလေးမြို့နေအိမ်သို့ ရောက်ရှိ
နိုဝင်ဘာလ ၃၀ ရက်။ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့ ဆေးရုံကြီးကနေ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကွယ်လွန်သွားခဲ့သော အသက် ၃၀ နှစ်အရွယ် ချင်းလူငယ် Lal Ram Din @ Van Sui Luai ရဲ့ ရုပ်အလောင်းကို မြန်မာလူမှုကူညီရေး အသင်း(မလေးရှား) ရဲ့အကူအညီ ဖြင့် ချိတ်ဆက်မှုဖြင့် ကွယ်လွန်သူရဲ့မိသားစုဝင်များ နေထိုင်ရာ ကလေးမြို့နယ် ရွာသစ်ရွာက နေအိမ်အထိ နိုဝင်လာလ ၂၉ ရက်ညမှာ အရောက် ပို့ပေးနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ Lal Ram Din ဟာ မလေးရှားနိုင်ငံ ဆလန်းကော ပြည်နယ်၊ ကလန်မြို့မှာသွားရောက် အလုပ် လုပ်ကိုင် နေသူဖြစ်ပြီး နာမကျန်း ဖြစ်ကာ ကလန်မြို့…