
ချင်းပြည်အတွင်း စစ်ကောင်စီရဲ့ ၃ နှစ်ကြာ ရက်စက်မှု
“The need for stronger international action against the country’s military junta has never been greater.” Salai Za Uk မြန်မာနိုင်ငံရဲ့ပြည်တွင်းပဋိပက္ခဟာ အစုအလိုက်၊ အပြုံလိုက် ရက်စက်စွာသတ်ဖြတ်မှုတွေဖြစ်ပေါ်လာနိုင်တဲ့ အရိပ်အယောင်တွေရှိနေတာကြောင့်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ဦးဆောင်မှုဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ အရေးတစ်ကြီးဆွေးနွေးမှုကို ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလ ၉ ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်။ အခုဆိုရင် ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။ ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ နာမည်ဆိုးကျော်ကြားတဲ့ ခြေမြန်တပ်မ(၇၇)၊ တပ်မ (၉၉) တို့အပါအဝင် တပ်သားအလုံးအရင်းနဲ့ စစ်ယာဉ်တန်းကြီးကိုစစ်ကောင်စီက ချင်းပြည်နယ်ကို စေလွှတ်ခဲ့ပြီး မကြာမီ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီးလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒါဟာ သမိုင်းတစ်လျှောက်ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာဆွေးနွေးမှု ပထမဆုံးဖြစ်ပြီးအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ချက်ခြင်းရပ်တန့်ရန် ကောင်စီအနေနဲ့တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီရဲ့…