Headlines

မီဇိုရမ်ပြည်လောင်တလိုင်မြို့က ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေ

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကို မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထန်တလန်၊ ဟားခါး ဘက်ကနေ စစ်ဘေးရှောင်လာတဲ့ ချင်းစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာ အထောက်အပံ့ အကူအညီတွေ လိုအပ်နေကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။ လောင်တလိုင်မြို့ စစ်ဘေးရှောင်စခန်းမှာ နေထိုင်တဲ့သူရော မြို့ပေါ်အိမ်ဌားနေထိုင်သူတွေထဲကလည်း စားသောက်ရေးပိုင်းမှာ အရေးပေါ်ထောက်ပံ့ကူညီမှုတွေ လိုအပ်နေကြသလို နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေဆိုရင် ပိုပြီး အခက်အခဲဖြစ်ကြတယ်လို့ လောင်တလိုင်မှာ နေထိုင်သူ တစ်ဦးကပြောပါတယ်။ လောင်တလိုင်မှာ နေထိုင်သူတစ်ဦးပြောတာက “လောင်တလိုင်မှာတော့ မီဇိုရမ်ပြည်နယ် အခြားနေရာတွေထက်တော့ စစ်ဘေးရှောင်တွေအတွက် စိတ်ပိုင်းဆိုင်ရာအရ ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံစားကြတယ်။ ဒီကဒေသခံတွေ၊ အဖွဲ့အစည်းတွေကလည်း စစ်ဘေးရှောင်တွေအပေါ် သည်းခံနားလည်နိုင်မှုပိုပြီး မြင့်မားတယ်လို့ခံစားရတယ်။ စားဝတ်နေရေးအတွက်တော့ စိန်ခေါ်မှုတွေများပါတယ် အထူးသဖြင့် နိုင်ငံခြားမှာ ဆွေမျိုးမရှိတဲ့သူတွေအတွက် ပိုပြီးခက်ခဲကြတယ်။ စစ်ဘေးရှောင်စခန်းမှာ မနေတဲ့ လောင်တလိုင်မြို့ပေါ် အိမ်ဌားနေသူတွေထဲကတောင်မှ အိမ်ထောင်စု…

Read More

ပိုမိုကြပ်တည်းလာတဲ့ မီဇိုရမ်ပြည်နယ်က မြန်မာဒုက္ခသည်တွေအတွက် အိန္ဒိယအစိုးရရဲ့အခန်းကဏ္ဍ

“အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ မြန်မာဒုက္ခသည်များရဲ့ အခြေအနေဆိုးများကိုကိုင်တွယ်ဖြေရှင်းရန်အတွက် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် မူဝါဒများတွင် အဓိကအပြောင်းအလဲများ လိုအပ်ပြီး ဒေသတွင်း လူသားချင်းစာနာမှု ပံ့ပိုးပေးသူများ၏ညှိနှိုင်းဆောင်ရွက်မှုများနှင့်အတူ ပိုမိုအားကောင်းဖို့လိုအပ်ပါတယ်” By R. LAKHER | မြန်မာစစ်အစိုးရရဲ့ ထိုးစစ်ဆင်မှု၊ ဖိနှိပ်မှု၊ ပဋိပက္ခများနဲ့ကျယ်ပြန့်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ၂၀၂၁ ခုနှစ်မြန်မာနိုင်ငံတွင်းစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံသားများသည် အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရတာစစ်ဘေးရှောင် သောင်းဂဏန်းရှိနေတာပဲဖြစ်ပါတယ်။ အခုစစ်ဘေးရှောင်ရတဲ့ကာလလေးနှစ်နီးပါးဖြစ်လာတဲ့အခါမှာ စစ်ဘေးရှောင်တွေရဲ့ အခြေအနေဟာပိုမိုပြီးကြပ်တည်းလာနေပါတယ်။ မြန်မာနိုင်ငံက ဒုက္ခသည်အများစုဟာ အိန္ဒိယနိုင်ငံရဲ့အရှေ့မြောက်ပိုင်း မီဇိုရမ်ပြည်နယ်မှာ နေထိုင်ကြပြီး အဓိကအားဖြင့် Saiha, Lawngtlai,Champhai, Lunglei နဲ့ Aizawl ခရိုင်များမှာ ကျယ်ပြန့်စွာနေထိုင်ကြလျက်ရှိပါတယ်။ အခုအခါ မြန်မာနိုင်ငံကနေ အိန္ဒိယပြည်ကိုစစ်ဘေးရှောင်သူအရေအတွက်ဟာ ၅၀၀၀၀ဝန်းကျင်ရှိနေတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ကနဦးပိုင်းကတည်းက မီဇိုရမ်ပြည်နယ်အနေနဲ့ အိမ်နီးချင်းနိုင်ငံကထွက်ပြေးလာသူတွေကိုတိုင်းရင်းသားညီအစ်ကိုအဖြစ်အသိအမှတ်ပြုကာ ယဉ်ကျေးမှုဆိုင်ရာများတွင်လည်းနွယ်ယှက်တဲ့ လူမျိုးတူများအဖြစ်သဘောထားပြီး စစ်ကောင်စီရဲ့ထိုးစစ်ဆင်များကြောင့်ထွက်ပြေးရတဲ့…

Read More

ငဖဲမြို့နယ်မှာ တောင်ယာ၊တောထဲတွေမှာ စစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော် အရေးပေါ်စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ဒီဇင်ဘာလ ၁၇ ရက်။ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်မှာ တောင်ယာ၊တောထဲတွေမှာစစ်ဘေးရှောင်နေရတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ အရေးပေါ် စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ငဖဲမြို့နယ် အမ်း – ပဒါန်းကားလမ်းပေါ်မှာရှိနေထိုင်ခဲ့ကြတဲ့ ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်ဝန်းကျင်ဟာ ပြီးခဲ့တဲ့ ဧပြီလ နဲ့ နိုဝင်ဘာလလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် တောင်ယာနဲ့ တောထဲတွေမှာ တဲထိုးပြီး စစ်ဘေးရှောင်နေကြရသူတွေဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ငဖဲမြို့နယ်က ကျေးရွာ ၆ ရွာလောက်က ချင်းစစ်ဘေးရှောင် ၂၀၀ ကျော်လောက်က စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေကြတယ်။ သူတို့တွေက အမ်း – ပဒါန်းကားလမ်းမပေါ်က ကျေးရွာတွေဖြစ်တယ် ခုနှစ် ဧပြီလ နဲ့ နိုဝင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတယ် လက်ရှိသူတို့တွေဟာ…

Read More

ကလေးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းလို့ PDF တွေဖမ်းတာခံရတဲ့ ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူ ကိစ္စနဲ့ ပတ်သက်ပြီး ကလေးငယ် အပါအဝင်ဒေသခံ ၆ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ဒီဇင်ဘာလ ၁၇ ရက်။ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် နှောညောင်ပင်ရွာအုပ်ချုပ်ရေးမှူးနဲ့သားဖြစ်သူကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ PDF တွေဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး နှောညောင်ပင်ကျေးရွာက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ဒေသခံ ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဖမ်းဆီးသွားကြောင်းကလေးမြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နယ် အရှေ့တောင်ဘက် နှောညောင်ပင်ကျေးရွာက စစ်ကောင်စီခန့်် ရွာအုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားသစ်စုဆောင်းပေးလို့ဆိုပြီး PDF တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒေသခံတစ်ဦးက “ အုပ်ချုပ်ရေးမှူးသားအဖ ဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အဲဒီရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်အပါအဝင် ၆ ဦးကို သူတို့လက်ချက်ကြောင့်ဆိုတဲ့ ပုံစံမျိုးနဲ့ ဖမ်းဆီးတယ်”…

Read More

လေကြောင်းရန်ကြောင့် ဘာသာရေးအခမ်းအနားနဲ့ ပွဲတွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတိပေးထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်။ မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ကာလဖြစ်သလို လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း မကြာခဏ လေကြောင်းကနေ တိုက်ခိုက်မှုတွေကို ပြုလုပ်လျက်ရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးပြုလုပ်ခြင်း၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ ပြီးခဲ့တဲ့ ဇွန်လ လောက်ကတည်းက အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုချိန် မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ကာလဖြစ်လို့ လေကြောင်းတိုက်ိုခိုက်မှုလည်း ပိုများလာတာကြောင့် အခမ်းအနား ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနဲ့အညီ အရေးယူခြင်းခံရမယ်လို့်လည်း ကြေညာထားပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်တဲ့ နိုဝင်ဘာလ (၉)ရက်နေ့ကစလို့ နေ့စဉ်နီးပါး စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်း…

Read More

၂၀၂၅ မှာမြန်မာမှာ လူသားချင်းစာနာမှုဆိုင်ရာကူညီဖို့ ရံပုံငွေ ဒေါ်လာ ၁ ဘီလျံ ကျော်လိုအပ်ကြောင်း ကုလထုတ်ပြန်

ဒီဇင်ဘာလ ၁၇ ရက်။ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်သူ သန်း ၂၀ နီးပါးရှိနေပြီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော် လိုအပ်မှာဖြစ်ကြောင်း၊အရေးပေါ် အကူအညီလိုနေသူ ၅ ဒသမ ၅ သန်းအတွက် ဒေါ်လာ ၁ ဘီလျံသုံးစွဲဖို့မျှော်မှန်းထားကြောင်း၊ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) ကဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ “၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန် နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ၅ ဒသမ ၃ သန်းထဲကလူဦးရေ ၁ ဒသမ ၄ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ပါဘူး။ ရရှိခဲ့တဲ့သူတွေဟာလည်းအပြည့်အစုံရရှိခဲ့ခြင်းမရှိပါဘူး။၂၀၂၅ ခုနှစ်မှာ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရပါလိမ့်မယ်။ “လို့ ကုလသမဂ္ဂဆိုင်ရာ လူသားချင်းကူညီစောင့်ရှောက်မှုရေးရာညှိနှိုင်းဆောင်ရွက်ရေးရုံး(UNOCHA) က…

Read More

ချင်းပြည်နယ်တောင်ပိုင်းမှာ စားသောက်ကုန်တချို့ပြတ်လပ်၊ဓာတ်ဆီတစ်လီတာ ၁ သောင်းခွဲထိစျေးပေါက်နေ

ဒီဇင်ဘာလ ၁၆ ရက်။ စစ်ကောင်စီက မကွေးတိုင်းချောက်မြို့ကနေ ကုန်စည်ပစ္စည်းတွေပို့ဆောင်တာကိုပိတ်ဆို့ဖြတ်တောက်တာတွေ၊ သယ်ယူစရိတ်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ စားသောက်ကုန်တချို့ပြတ်လပ်ပြီး၊ ကြက်ဥတောင်ရှာမရဖြစ်နေပြီး၊ဓာတ်ဆီတစ်လီတာကိုလည်း တစ်သောင်းခွဲဝန်းကျင်အထိ ပေးဝယ်နေရတဲ့အကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့၊မင်းတပ်မြို့၊ မတူပီနဲ့ ပလက်ဝမြို့နယ်ဒေသခံတွေဟာ အခြေခံစားသောက်ကုန်တွေကို မကွေးတိုင်း ဆောမြို့နယ်နဲ့ ချောက်မြို့နယ်ဘက်ကနေ အဓိကဝယ်ယူအားထားနေရတာလည်းဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးပြောတာက “ကျနော်အခုနေတဲ့ရွာမှာဆိုရင် ကြက်ဥကမရောက်နိုင်တော့ဘူး၊ ဆောအနီးအနားဝန်းကျင်မှာကို ကြက်ဥတစ်လုံးကို တစ်ထောင်လောက်ဖြစ်တယ် ဓာက်ဆီတွေကကြတော့ ကျနော်တို့ရွာဘက်မှာက တစ်လီတာကို တစ်သောင်းခွဲ၊ တစ်သောင်းလေးထောင် (တစ်သောင်းသုံးထောင်လောက်) ရှိတယ် အမြင့်ဆုံးက တစ်သောင်းခွဲထိပေါ့ ဆောအနီးနားဝန်းကျင်မှာတော့ တစ်လီတာကို ၅ ထောင်စျေးပေါ့ ချင်းပြည်နယ်ဘက်ကိုတော့ ဆိုင်ကယ်နဲ့သယ်ရတာတွေဖြစ်တော့ ကျနော်တို့ရွာဘက်တွေမှာ တစ်သောင်းခွဲလောက်ရှိတယ် တစ်ရွာနဲ့တစ်ရွာက ပေးရတဲ့ စျေးနှုန်းက မတူကြဘူး စစ်ကောင်စီဘက်က လုံးဝပိတ်တာမျိုးတော့ မဟုတ်ဘူး…

Read More

ရုံးမတက်ပဲ ရုန်းထွက်ခဲ့ကြတဲ့ ချင်းပြည်နယ်က CDM ဝန်ထမ်းများ

မိုင်မိုင်မန်းထာ ၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးချယ်ထားတဲ့အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ကို နိုင်ငံ့ဝန်ထမ်းအများစုက အကြမ်းမဖက်အာဏာဖီဆန်ရေး )Civil Disobedience Movement – CDM ) လုပ် ဆောင်ခဲ့တာ အခု ေဖ ေဖာ်ဝါရီလ ၈ ရက်မှာ (၄) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ သယံဇာတများများစားစားမရှိ၊ ကြီးမားတဲ့စီးပွား ရေးလုပ်ငန်း တွေမရှိတဲ့ အလုပ်အကိုင်ရှားပါးတဲ့ချင်းပြည်နယ်မှာ ခေတ်အဆက်ဆက်လူအများစုက မက် မောတဲ့အလုပ်အကိုင်ဟာ ရေရှည်တည်မြဲတဲ့ အာမခံချက်ရှိတဲ့ နိုင်ငံ့ဝန်ထမ်း(အစိုးရဝန်ထမ်း)အလုပ်ပဲဖြစ်ပါတယ်။ ၂၀၂၁ အာဏာမသိမ်းခင်အထိ ချင်းပြည်နယ်မှာ အစိုးရဝန်ထမ်းအလုပ် တ နေရာရဖို့အတွက်ကို ဌာနဆိုင်ရာလူကြီး တွေကို အလုပ် လျှောက်သူ တွေက လာဘ် ငွေ ပေးမှုအများအပြားရှိခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ ရုံးမတက်နဲ့ ရုန်းထွက်…

Read More

ကျောင်းမတက်သူများလာတဲ့ ချင်းပြည်ပညာရေးအဆိုးဆုံးအခြေအနေ ရောက်လာ

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အကျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ကျောင်းနေအရွယ် ကလေးတွေရဲ့ ပညာရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ပါတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက် လက်ရှိ ၄ နှစ် နီးပါးရှိလာတဲ့အချိန်မှာ ချင်းပြည်နယ်မှာ စစ် ကောင်စီထိန်းချုပ်ထားတဲ့ မြို့တချို့မှာ ကော ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဒေသ တွေမှာကော ၁ နှစ်ပြီး ၁ နှစ် ကျောင်းတက်သူ ကျောင်းသား/သူ ဦး ရေ ပိုမိုနည်းပါးလာပြီး ပိတ်ရတဲ့ အခြေခံပညာကျောင်းများအရေအတွက်ပိုများလာတယ်လို့ စစ်ကောင်စီလက် အောက်မှာ တာဝန်ထမ်း ဆောင် နေတဲ့ ပညာ ရေးဝန်ထမ်းတချို့နဲ့ ချင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ တွေထိန်းချုပ်ထားတဲ့နယ် မြေ တွေမှာ…

Read More

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်တဲ့ ချင်းပြည်က တိတ်ဆိတ်နေတဲ့ ၄ နှစ်မြောက် ခရစ္စမတ်

ခရစ်စမတ်ကာလကို အလေးအနက် ထားဆုံးဖြစ်ပြီး ခရစ္စမတ်နေ့ ကို နှစ် ၁ နှစ်ရဲ့ အကြီးမြတ်ဆုံး နေ့ လို့ သတ်မှတ်တဲ့ခရစ်ယာန်ဘာသာဝင် အများစုရှိတဲ့ ချင်းပြည်မှာ ဒီနှစ် ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အရင်နှစ်တွေလိုပဲ ခရစ္စမတ်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်မှာမဟုတ်ပါဘူး။ ချင်းပြည်အနှံက မြို့၊ရွာအများစုမှာ အသင်းတော်လိုက် ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်အကျဥ်းချုံးသာ ပြုလုပ်နိုင်မယ်လို့ အသင်းတော်တာဝန်ရှိသူတွေဆီက သိရပါတယ်။ လက်ရှိမှာ ချင်းပြည်နယ်မှာ ခရစ္စမတ်အကြိုကာလမှာ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို ချင်းညီနောင်အဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီဆိုပေမယ့်စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လာတာ တွေလုပ်နိုင်ပါသေးတယ် ၊ လေကြောင်းရန်ကို သတိထားပြီး ခရစ္စမတ်ကာလ ကို ဖြတ်သန်းရပါအုံးမယ်။ လေကြောင်းတိုက်ခိုက်မှုလည်း ပိုမိုများပြားတာကြောင့် မင်းတပ်မြို့နယ်အတွင်း ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားနဲ့ပွဲတွေ၊ ရိုးရာပွဲလမ်းသဘင်တွေ လုံးဝမကျင်းပဖို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီဇင်ဘာလ…

Read More