
CNF နှင့် ZRO တို့ ပထမအကြိမ်တွေ့ဆုံမှုမှာအချက် ၃ ချက်ကို ကနဦးသဘောတူ
မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သော Zo Reunification Organization (ZORO) အဖွဲ့ရဲ့စီစဉ်ဆောင်ရွက်မှုနဲ့ချင်းအမျိုးသားတပ်ဦး (CNF/CNA ) နှင့် ဇိုမီးပြန်လည်ပေါင်းစည်း ညီညွတ်ရေးအဖွဲ့ (ZRO/ZRA) တို့ရဲ့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၇ ရက်မှာ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်လာစေရေးအတွက် နှစ်ဖက်အဖွဲ့အစည်းမှတာဝန်ရှိသူများ လိုအပ်သလို ထပ်မံတွေ့ဆုံမှုများပြုလုပ်သွားရန်သဘောတူညီကြောင်း စသည့်အချက်အပါအဝင်အချက် ၃ ချက်ကို ကနဦးသဘောတူလက်မှတ်ရေးထိုးခဲ့ ကြကြောင်း CNF နဲ့ ZRO ၂ ဖွဲ့ရဲ့ပူးပေါင်းထုတ်ပြန်ချက်စာအရသိရပါတယ်။ CNF နှင့် ZRO တို့အကြား ဇူလိုင်လ ၂၇ မှာ တွေ့ဆုံဆွေးနွေးပြီးရရှိလာတဲ့ သဘောတူညီချက်များမှာ ချင်း-ကူကီး-ဇိုမီး/မီဇိုး မျိုးနွယ်စုများသည် ဆင်းသက်လာရာမျိုးနွယ်စု၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာတူညီသော သေအတူရှင်မကွဲနေထိုင်လာခဲ့ကြသော ညီအကိုများဖြစ်ကြကြောင်း၊ အမျိုးသားပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်သည့်အချိန်တွင် ယခုကဲ့သို့ ညီအကိုအချင်းချင်းကြား သဘော…