
မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့
ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တစ်ခုတည်းမှာ ၂ နှစ် ကာလအတွင်း(၂၀၂၂၊ဇူလိုင်လမှ ၂၀၂၄ ၊ဇူလိုင်လ)စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၂ ဦး သေဆုံးပြီး ၊၇၄ ဦး ဒဏ်ရာရရှိခဲ့ကာ၊စာသင်ကျောင်း၊ ဆေးရုံနှင့် ဝတ်ပြုရာနေရာများအပါအဝင် အဆောက်အဦ ၁၃၇ လုံး ပျက်စီးခဲ့ ေကြာင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ရဲ့ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဇူလိုင် ၃၁ ရက် ညနေ ၆ နာရီဝန်းကျင်က မင်းတပ် – မတူပီလမ်းမကြီး မိုင်တိုင်အမှတ် ၂၀ ဝန်းကျင်ကို စစ်ကောင်စီ လေတပ်က အသွားအပြန်နှစ်ကြိမ်ထက်မနည်း ဗုံးကျဲ တို၊က်ခိုက်ခဲ့လို့ လူ၁ ေယာက် မစိုးရိမ်ရ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ ေန အိမ် ၂ လုံးထိခိုက်ခဲ့ ေကြာင်းသိရပါတယ်။ဇူလိုင် ၃၀ ရက်နေ့ကလည်း မင်းတပ်မြို့နဲ့ ၅…