
မတူပီမြို့တွင်းကို စစ်ဘေးရှောင်ပြည်သူတွေ နည်းနည်းစီပြန်လည်ဝင်ရောက်လာနေပြီလို့ သိရ
ချင်းပြည်နယ် မတူပီမြို့တွင်းကို စစ်ဘေးရှောင်တွေ နည်းနည်းစီ ပြန်လည်ဝင်ရောက်လာပြီလို့ CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ Ko Boi UK က Chin World Media ကိုပြောပါတယ်။ CDF – မတူပီ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ Ko Boi UK “ပြန်လာနေပါပြီ တစတစနဲ့ စစ်ဘေးေရှောင်တွေကို သူလမ်းကြောင်းနဲ့သူ အသုတ်လိုက် ဝင်ခွင့်ပြုပြီးသားဖြစ်တယ် အနီးအနားက စစ်ဘေးရှောင်တဲ့သူတွေက ပိုမြန်တယ်၊ ရပ်ဝေးက နည်းနည်းကြာမယ် အခု တစ တစ လာနေပါတယ်၊ မိုးတွင်းကာလလည်း ဖြစ်တော့ လမ်းခရီးအခြေနေတွေကြောင့်လည်း ပါတယ်””လို့ပြောပါတယ်။ မတူပီမြို့အတွင်း ပြည်သူတွေ နေထိုင်နိုင်ဖို့ လိုအပ်ချက်လုပ်ငန်းတွေ ဆောင်ရွက်ပြီးပြီ ဖြစ်လို့ ပြည်သူတွေ မကြာမီ…