
တွန်းဇံမြို့ပေါ်က CDM ဝန်ထမ်းတွေရဲ့နေအိမ်များကို CDF-Tonzang ချိတ်ပိတ်မှု အပေါ် တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ လက်မခံနိုင်ကြောင်း ထုတ်ပြန်
CDF-Tonzang တပ်ရင်း (၁) မှ တွန်းဇံမြို့ပေါ်ရှိ နေအိမ် တချို့ ချိတ်ပိတ်ရာတွင် တော်လှန်ရေးတွင် ခိုင်ခိုင်မာမာ ရပ်တည်သော ဌာနဆိုင်ရာ CDM ဝန်ထမ်း ၅ ဦးရဲ့နေအိမ်များကို ချိတ်ပိတ်မှု ပြုလုပ်ခဲ့ခြင်းကို လက်မခံကြောင်း နှင့် အမြန်ဆုံး ရပ်တန့်စေလိုကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊တွန်းဇံမြို့နယ် CDM ကော်မတီမှ ဒီနေ့ဩဂုတ်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ယင်း ထုတ်ပြန်ချက်ထဲမှာ CDF-Tonzang မှ ချိတ်ပိတ်ထားသည့်အိမ်များတွင် မိသားစု ဝင် တစ်ဦးဦးမှ CDF-Tonzang မဟုတ်သော အခြား အဖွဲ့အစည်း အားပေးထောက်ပံ့သည်ဟူသော စွပ်စွဲချက် နှင့် အကြောင်းပြချက်တစ်ခုတည်းဖြင့် ချိတ်ပိတ်ထားခြင်း ကြောင်း၊ ယင်းကဲ့သို့ အာဏာရှင်စရိုက် နဲ့ မထူးမခြားမင်းမဲ့စရိုက် ပြုမူဆောင်ရွက်ချက်သည် ဒီမိုကရေစီ…