
ကလေးမြို့နယ်ကရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တာ၊ စစ်ကြောင်းထိုးပြီး နေအိမ်မီးရှို့တာတွေ လုပ်ခဲ့တယ်လို့ သိရ
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းကချင်းလူမျိုးအများစုနေထိုင်တဲ့ လက်ပံချောင်းရွာကို ဒီနေ့ဩဂုတ်လ ၂၀ ရက်မှာ လေကြောင်းဗုံးကြဲခဲ့သလို ကလေးမြို့နယ် တောင်ပိုင်းရွာတွေကိုလည်း စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေးမြို့နယ် တောင်ပိုင်းက စက္ကန့်၊ ရှားတောကျေးရွာနဲ့ သုံးအိမ်စုကျေးရွာတွေကို ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းလောက်မှာ စစ်ကောင်စီတပ်ဖွဲ့က စက္ကန့်ရွာကနေ ရှားတောရွာကို ဝင်လာတဲ့အချိန် CNDF တပ်ဖွဲ့နဲ့ ပစ်ခတ်မှု တစ်နာရီကြာဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရှားတောရွာက နေအိမ်တွေကို မီးရှို့ခဲ့ပြီး သုံးအိမ်စုရွာကို ဆက်လက်စစ်ကြောင်းထိုးကာ နေအိမ်တွေကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ဒေသခံ တစ်ဦးက “ကလေးတောင်ပိုင်းက ရွာတွေကို စစ်ကြောင်းထိုးနေတယ် ရှားတော၊ သုံးအိမ်စုက နေအိမ်တွေကိုလည်း မီးရှို့နေတယ် နောက်ပြီး လက်ပံချောင်းရွာကို လေယာဉ်နဲ့လည်း ဗုံးကြဲတယ်”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာတာကြောင့်…