
မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်Pu Lalduhoma က ချင်းအချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိတိုက်ခိုက်တာတွေနောက်နောင်မဖြစ်ဖို့ပြောကြား
လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံကိုရောက်ရှိနေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ချင်း အချင်းချင်းသွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်တာတွေ နောက်နောင်မဖြစ်ဖို့ ဆင်ခြင်ကြရအောင်လို့ ချင်းလူမျိုးအများစု နေထိုင်တဲ့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ စက်တင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ သူ့မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma “မျိုးနွယ်စုတူတွေဖြစ်ကြပြီးတော့ အတူတကွပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိကြဘူး၊ တခါတလေမှာတောင် ညီအကိုအချင်းချင်း သွေးထွက်သံယိုမှုဖြစ်တဲ့အထိ တိုက်ခိုက်ကြတယ် တကယ်ကို ဝမ်းနည်းစရာကောင်းသလို ရှက်ဖို့လည်း ကောင်းပါတယ်၊ နောက်နောင် ဒီလိုမဖြစ်ဖို့ ဆင်ခြင်ကြရအောင်ပါ” လို့ ပြောပါတယ်။ အဆိုပါ အမေရိကန်နိုင်ငံက ချင်းလူထုနဲ့တွေ့ဆုံပွဲမှာ ချင်းလူထုစည်းလုံးညီညွှတ်ရေး အားကောင်းလာဖို့ လိုအပ်ကြောင်းမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma အဓိကထားပြီး ပြောခဲ့ပါတယ်။ ချင်းတော်လှန်ရေးအဖွဲ့တွေ အကြားပြန်လည်သင့်မြတ်ရေးဆောင်ရွက်နေတဲ့ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initative…