ချင်းပြည်မှာ “မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိခဲ့တဲ့ မစ္စစ်နီခွဲ”
ချင်းပြည်နယ်၊ဖလမ်းမြို့ပြည်သူ့ဆေးရုံအုပ်အဖြစ်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာနီခွဲရဲ့ဇနီး လက်ရှိ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတဲ့မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ဟာ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ ၁၂ ရက်မှာ သူမအသက် ၉၀ မှာ ကွယ်လွန်သွားပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဆရာလှဘူးရေးသားခဲ့တဲ့ဒေါက်တာနီခွဲ (Dr.Ni Khuai ) တို့ဇနီးမောင်နှံအကြောင်း”မောင့်မျက်နှာတရွာမှတ်ထင် အချစ်ဓာတ်ရစ်ပတ်မိရင်” အမှတ်တရစာကိုပြန်လည်ဖော်ပြလိုက်ပါတယ်။ Editor Chin World Media …………………………………………… မိတ္ထီလာက မိတ်ဆွေ ဖြစ်တဲ့ မစ္စစ်နီခွဲ – Mrs Jasmine Hope NiKhwai ( ခရိုင်ဆရာဝန်ကြီး ဦး အာနီနီခွဲ ရဲ့ ဇနီး ) မနေ့က အင်္ဂလန်မှာ ကွယ်လွန်သွားပြီလို့ တွေ့လိုက်ရလို့ မိသားစုနဲ့…

