
ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ နေပြည်တော်က အရှိုချင်းလူမျိုးတွေနေထိုင်တဲ့ရွာကို စစ်ကောင်စီကကယ်ဆယ်ရေးလုပ်ဆောင်
ရေကြီးရေလျှံဖြစ်လို့လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတဲ့ နေပြည်တော်၊လယ်ဝေးမြို့နယ် စစ်တောင်းမြစ်ဘေးက အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာကို စစ်ကောင်စီကကယ်ဆယ်ရေးလာလုပ်ပေးပြီး ကျေးရွာလူထုကို ဆေးတပ်ဖွဲ့ကစစ်ဆရာဝန်တွေကဆေးကုသပေးတာနဲ့ ရိက္ခာတွေ ပို့ဆောင်ပေးခဲ့တယ်လို့ စစ်ကောင်စီ သတင်းတွေထုတ်လွှင့်နေတဲ့ People Media က တင်ဆက်တဲ့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်ညနေသတင်းအရသိရပါတယ်။ အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာအကြောင်းနဲ့ ပက်သက်လို့People Media ရဲ့သတင်းရုပ်သံတင်ဆက်သူက “ လယ်ဝေးမြို့ ကျောက်တစ်လုံးရွာ ဒု – တိုင်းမှူးကြီးနဲ့ ဆေးတပ်ဖွဲ့ဆရာဝန်တွေက ပူးပေါင်းပြီးတော့ ဒေသခံတွေကို ဆေးဝါးကုသပေးနေတယ်ပေါ့ ဒီရွာက အရှိုချင်းရွာဖြစ်တယ် ဒီရွာက ခရစ်ယာန်ဘာသာကိုးကွယ်တယ်၊ဗုဒ္ဓဘာသာလည်းကိုးကွယ်တယ်” လို့ပြောပါတယ်။ အရှိုချင်းလူမျိုးစုနေထိုင်တဲ့ ကျောက်တစ်လုံးရွာမှာဆေးတပ်ဖွဲ့က ဆေးကုသပေးနေစဉ် ကျန်းမာရေးအရ အရေးပေါ်ဆေးရုံတက်ဖို့ လိုအပ်တဲ့ အသက် ၂ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ကလေးငယ်ရဲ့ မိသားစုတွေကိုလည်း ဆေးရုံကို ချက်ခြင်းပို့်ဆောင်ပေးခဲ့တယ်လို့…