
နေပြည်တော်မှာ အသက် ၁၄ နှစ် ကနေ ၄၀ ကြားရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော် စစ်မှုထမ်းဖို့ ခေါ်ခံရတယ်လို့သိရ
စက်တင်ဘာလ ၂၀ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ် ကျောက်အိုးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ အရှိုချင်းလူမျိုး အယောက် ၇၀ ကျော်ကို စစ်ကောင်စီက မနေ့စက်တင်ဘာလ ၁၉ ရက်နေ့မှာ စစ်မှုထမ်းဖို့ နေပြည်တော်ကို ခေါ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံတစ်ဦးက “ဧပြီလစာရင်းကောက်တုန်းက စစ်မှုထမ်းရမယ်ဆိုပြီး စာရင်းကောက်တယ် လူငယ်တော်တော်များများက ထိုင်း၊ မလေးရှား အကုန်ထွက်သွားကြတယ် အခုရွာမှာ သိပ်မကျန်ဘူး သူတို့အဲဒီတုန်းက စာရင်းမှာရှိသလောက်ကို မနေ့ကစလို့ ထပ်ခေါ်တာဖြစ်တယ် သူတို့ခေါ်တာ စစ်မှုထမ်းဖို့ခေါ်တာမဟုတ်ဘူး အရင်ဧပြီလက ယူထားတဲ့စာရင်းထဲက လူတွေကို မိတ်ဆုံစားပွဲလုပ်မယ်ဆိုပြီးမှ မနေ့ညနေက သူတို့က ကားနဲ့ခေါ်သွားတယ် အယောက် ၇၀ ကျော်ကို နေပြည်တော်ကို ခေါ်သွားတယ် ဒီကနေ့ထိ ပြန်မပို့သေးဘူး” လို့…