
မဟာမြိုင်လမ်းနဲ့အနှစ်နှစ်ဆယ် ကျော်လွန်ပြီးမှနဖူးတွေ့ဒူးတွေ့ အသစ်တဖန်ပြန်လည်တွေ့ဆုံခြင်းနေ့စွဲ မှတ်တမ်းများ
ကျွန်တော်ဖြတ်သန်းလာခဲ့သောကားသမားဘဝရဲ့ တစ်ဆစ်ချိုးအချို့သောနေ့ရက်စာမျက်နှာတွေမေ့ပျောက်ထိန်ချန်ထားလို့မရပါဘူး By Khual Pi September 22,2024 စစ်ကိုင်း အုန်းတော ဆားတောင်(ဆိတ်ခွန်)မရောက်ခင် လမ်းဘေးယာယီတဲထိုးလေးနဲ့ဆိုင်ငယ်လေးမှာ ငါးခေါင်းမြူစွံ စွပ်ပြုတ်လေးသောက်လိုက်ရတာ အရသာအလွန်ကောင်းလိုက်ပါဘိ။ဘယ်ယိမ်းညာယိမ်းနဲ့ ကားမလှဲရုံတမယ်ထိန်းသိမ်းမောင်းနှင်ခဲ့ရပြီးကုလားအုတ်ကျောကုန်းပြင်ကြီးလိုပဲ မြင့်လိုက်နိမ့်လိုက်နဲ့(ညောင်လှ မူးဘောင်)နွားလှည်းလမ်းပေါ်မှာလည်းကားမောင်းခဲ့ဖူးပါပြီ။ (ကံထူးမ)မရောက်ခင်က (တမတော)ဆိုတဲ့အရပ်လမ်းဘေးထမင်းဆိုင်က တောတဲလေးထဲမှာအိပ်မက်လိုလို တကယ့်အဖြစ်အပျက်လိုလိုနဲ့မသဲကွဲပါဘူးတစ်ညလုံးဘီလူးစီးခံ အိပ်ရေးပျက်ခဲ့ဖူးပါပြီ။ လမ်းခရီးကကြမ်းတမ်းနေပါတယ်ဆိုမှအရေးထဲမှာ ဘယ်ဖက်လက်ပြန်ကျောငုပ်နေတော့(တောဂျင်)ကအနှိပ်ကျွမ်းကျင်အဖွားရဲ့ လက်တော်နဲ့ဝေဒနာသက်သာရာ ရခဲ့ပါတယ်လမ်းကြောင်းအခြေအနေလေး နားစွင့်ရင်း(တောဂျင်)မှာ မနက်တိုင်း ကြက်ဥပလာတာနဲ့ပေါ့ဆိမ့်လ္ဘက်ရည်လေးသုံးဆောင်ရင်းနဲ့သုံးညလောက်တော့ အိပ်လိုက်ကြဦးပေါ့(တောဂျင်)မှာသုံးညလောက် ကျောခင်းပြီးခါမှခရီးကြမ်းပြန်ဆက်ကြတာ ရှေ့မှာ တသီတတန်းကြီးနဲ့ လာပါပြီ …. တွေ့ပါပြီ ….ရွံ့ဗွက်နွံအိုင်အပြည့်နဲ့ ဆိုးရွားလွန်းတဲ့ (၅၃)မိုင်စယာတိုင်ထိန်းသလို မလိုက်လာချင်တဲ့ S ကွေ့ချွေးတဒီးဒီးနဲ့ အံကြိတ်ပြီးမောင်းနှင်လာခဲ့တာပျဉ်းကိုင်း/ဇလုမ္မ ဆိုသည့်အရပ် (ဆွေသဟာ)အန်တီပြုံးရဲ့ထမင်းဆိုင်ရှေ့ကိုတော့ ရောက်လာကြပါပြီ။ ကျွန်တော်မှတ်မိသလောက်ပြောရရင်တော့ဟိုတုန်းက ပျဉ်းကိုင်းရွာထဲမှာပဲ ထမင်းဆိုင်ရှိပါသည်။ယခုအခါ ပျဉ်းကိုင်း/ဇလုမ္မဆိုတဲ့အရပ်မောက္ကတော်ချောင်းစပ်မှာထမင်းဆိုင်ပေါင်း(၁၀)ဆိုင်ထက်မက ရှိနေပါပြီ။ဟိုအရင်တုန်းက မောက္ကတော်ချောင်းစပ်သဲသောင်ပြင်ထိပ်မှာကားသမားတွေပေးလှူထားသည့် (100/200)လေးတွေလက်ခံပြီး သူ့ဟာသူ လမ်းပြင်နေရှာသည့်…