
PDFနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုနိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီထုတ်ပြန်
စက်တင်ဘာလ ၂၆ ရက်။ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ကမ်းလှမ်းဖိတ်ခေါ်တဲ့အကြောင်း အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကြောင့်နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲ ဖော်ဆောင်ရွက်နိုင်ရန် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့သော်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းနဲ့သော်လည်းကောင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်နိုင်ပါရန် ကမ်းလှမ်းဖိတ်ခေါ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ၂၀၂၀ မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်ခဲ့လို့ နိုင်ငံတော်အာဏာအရပ်ရပ်ကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှဲပြောင်းရယူ ထိန်းသိမ်းခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ကျင်းပဖို့ရှိတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမယ့် သန်းခေါင်စာရင်းကောက်ယူတာတွေကို အောက်တိုဘာလ…