
မလေးရှားမှာ ချင်းလူငယ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံရ၊ ပြစ်မှုကျူးလွန်သူများကိုမသိရသေးကြောင်း သေဆုံးသူရဲ့ဆွေမျိုးများထံမှ သိရ
အောက်တိုဘာလ ၃ ရက်။ အောက်တိုဘာလ ၃ ရက်နေ့ မနက် အစောပိုင်းမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၈ နှစ်အရွယ် ချင်းလူငယ် တစ်ဦး ဖြစ်သူ Tang Nang Suan Sum အား ဓားဒဏ်ရာဖြင့် သေဆုံးလျက် ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူတွေဟာမည်သူမည်ဝါဖြစ်သည်ကို ယခုအချိန်အထိ မသိရသေးကြောင်း သေဆုံးသူရဲ့ဆွေမျိုး အသိုင်းအဝိုင်းများ ထံမှ သိရှိခဲ့ရ ပါတယ်။ “သေဆုံးသူက မနက် ၃ နာရီ လောက်မှာ အလုပ်ကနေ အိမ်ကို ပြန်တာ။ သူရဲ့ အပြန်လမ်းမှာ ဓားထိုးခံရပြီး သူရဲ့ ပိုက်ဆံ နှင့် ဖုန်း အလု ခံရတာလို့ ကနဦး ကြားသိရတယ်” လို့ သေဆုံးသူနဲ့ဆွေမျိုး အသိုင်းအဝိုင်းနီးစပ်သူက…