
ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေးNUG အစိုးရနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ချင်းပြည် (Chinland)အစိုးရထုတ်ပြန်
ေအာက်တိုဘာလ ၉ ရက်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ် အကောင်အထည်ပေါ်လာနိုင်စေရေး အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ Chinland Council က ဖွဲ့စည်းထားတဲ့ချင်းပြည် (Chinland)အစိုးရ ကအောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ ချင်းပြည် (Chinland)အစိုးရ ပညာရေးဝန်ကြီးဌာနတို့ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါအစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်ဂျာထွယ်ပန်၊ အဆင့်မြင့်ပညာရေးပိုင်းက တာဝန်ရှိသူတွေ သက်မွေးပညာရေးပိုင်းက တာဝန်ရှိသူ၊ ဆရာအတက် ပညာရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ချင်းပြည် (Chinland)အစိုးရ ဝန်ကြီးချုပ် ဦးပါထန်းအပါအဝင် တာဝန်ရှိသူခေါင်းဆောင်တွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ် ကိုယ်ပိုင်ပြဌာန်းခွင့်အရ ချင်းပြည် (Chinland)အစိုးရ…