မင်းတပ်မြို့က ထွက်ပြေးတဲ့စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် သင်းအုပ်ဆရာတစ်ပါး သေဆုံး
ဒီဇင်ဘာလ ၂၆ ရက်။ ဒီဇင်ဘာလ ၂၄ ရက်က မင်းတပ််မြို့ပေါ်ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF-Mindat နဲ့ဒေသခံတွေက လိုက်လံဖမ်းဆီးတဲ့အချိန် မင်းတပ်မြို့နယ် ၊တိုက်နယ် ၄ ၊အေးစခန်းကျေးရွာက ခရစ်ယာန်သင်းအုပ်ဆရာတော် ပါစတာဦးရွှီမာန် ဟာ စစ်ကောင်စီတပ်က ပစ်တာခံလိုက်ရလို့ သေဆုံးသွားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “ဒေသခံတွေကရော တူမီးတွေနဲ့ ကျနော်တို့နဲ့ အကုန်လုံးဝိုင်းလိုက်ပြီးတော့ ဝိုင်းတိုက်တာ ကျသွားတဲ့ ပါစတာက လိုက်ဖမ်းရင်းနဲ့ သူကနေပြီး အရင်တွေ့တာထင်တယ် ဟိုကရှောင်ပြီးပုန်းနေတာကို သူကနေတွေ့တော့ အဲဒီမှာဆိုပြီးမှအော်တော့ သူ့ကိုအရင်ပစ်တာ အဲဒီမှာတိုက်ပွဲစပြီးဖြစ်တယ် ထွက်ပြေးတဲ့ စစ်ကောင်စီ အင်အား၂၀၀ ကျော်ထဲကနေ အကုန်လုံးနီးနီးပြန်မိပါတယ် အဲဒီတိုက်ပွဲမှာစစ်သား အကုန်နီးပါးပြန်မိပါတယ် အသေမိတာရှိသလို အရှင်မိတာတွေလည်းရှိတယ် တစ်ယောက်ဘဲလွတ်သွားတယ်” လို့ပြောပါတယ်။ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့တဲ့…