
ဟားခါးမြို့မှာ အခြေခံစားသောက်ကုန် ဈေးတွေ ဒီနှစ်ထဲ၂ ဆ စျေးထပ်တက်ပြီး၊နေ့စားအလုပ်သမားတွေလည်း ရပ်တည်ရေးပိုခက်ခဲလာ
အောက်တိုဘာလ ၁၈ ရက်။ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ဒီတစ်နှစ်တွင်းမှာတင် ကုန်ဈေးနှုန်းက ၂ ဆလောက် ဈေးထပ်တက်လာပြီး၊အခြေခံနေ့စားအလုပ်သမားတွေလည်း ရှင်သန်ရပ်တည်ရေးမှာလည်း ပိုခက်ခဲလာတယ်လို့ ဟားခါးမြို့နေဒေသခံတစ်ဦးက ပြောပါတယ်။ ဟားခါးမြို့ကဒေသခံတွေဟာ ဆန်ကလွဲရင် အခြေခံစားသောက်ကုန်တွေကို မန္တလေးဘက်ကနေ သယ်ယူနေရတာဖြစ်ပြီး စားကုန်တန်ဆာခက လက်ရှိမှာ တပိဿာကို ၁၀၀၀ ကျော်အထိ ဖြစ်သွားပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။ ဟားခါးမြို့ဒေသခံတစ်ဦးက“စားသောက်ကုန် တန်ဆာခက ခေတ်ကောင်းတုန်းက တပိဿာ ၁ ရာကျော်ကနေ ဒီနှစ်နွေမှာ တစ်ပိဿာ ၅၀၀ – ၆၀၀ ရှိရာကနေ အခုတော့ တပိဿာ ၁၀၀၀ ကျော်ထိ ဖြစ်သွားပြီ အခုလိုဖြစ်ရတာကလည်း ခုစစ်ကိုင်းတံတားဖြတ်ခက ၁၂ ဘီးကားတစ်စီးကို ၁၅ သိန်း ကနေ သိန်း ၂၀ လောက်ထိ ပေးနေရတာတွေကြောင့်ပေါ့…