
ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းဝင်ခွင့် လျှောက်လို့ရပြီလို့ သိရ
အောက်တိုဘာလ ၂၉ ရက်။ ချင်းအမျိုးသားတက္ကသိုလ်(CNU) ၏ အကြိုကောလိပ်ဒီပလိုမာ သင်တန်းဝင်ခွင့်လျှောက်လွှာကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လို့ရပြီဖြစ်တဲ့အကြောင်း Chinland Council ကနေ ဖွဲ့စည်းထားတဲ့ ချင်းပြည်(Chinland) အစိုးရ ပညာရေးဝန်ကြီးဌာနက ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ် ဒီပလိုမာသင်တန်းကို စစ်ကောင်စီကျောင်းနဲ့ ပတ်သက်ဆက်နွယ်မှုမရှိတဲ့ အခြေခံပညာပြီးဆုံးကြောင်း အကဲဖြတ်တဲ့လက်မှတ် (BECA,NUG) ရရှိထားသူ၊ စစ်အာဏာမသိမ်းခင်က တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သူတွေ၊ အိမ်နီးချင်းနိုင်ငံက ၁၂ တန်းအောင်မြင်ခဲ့တဲ့သူတွေ၊ GED စာမေးပွဲဖြေဆိုအောင်မြင်ထားသူတွေ၊ IGCS စာမေးပွဲအောင်မြင်ထားသူနဲ့ တိုင်းရင်းသားပညာရေးစနစ်တွေ အထက်တန်းပညာပြီးမြောက်အောင်မြင်ထားသူတွေ လျှောက်လို့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဝင်ခွင့်လျှောက်လွှာတွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး လိုအပ်တဲ့ ပညာအရည်အချင်း လက်မှတ်အထောက်အထားမိတ္ထူတွေနဲ့ သက်ဆိုင်ရာ မြို့နယ်/ဒေသ…