
CDF – မတူပီ၊ တပ်မဟာ (၁) အနေနဲ့တပ်ချ၊စစ်ကြောင်းထိုးတာတွေ ရပ်တန့်ပေးဖို့ ချင်းလဲန်းကာကွယ်ရေးတပ် မတူပီ တပ်မဟာ (၂)၊ အောက်ချင်းတပ်ရင်းက ထုတ်ပြန်
နိုဝင်ဘာလ ၁ ရက်။ ချင်းပြည်နယ် မတူပီမြို့နယ် အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေမှာ ချင်းလဲန်းကာကွယ်ရေးတပ် – မတူပီ(CDF-Matupi) (တပ်မဟာ၁)က နယ်မြေခံတပ်ရင်းရဲ့ ခွင့်ပြုခြင်းမရှိဘဲ တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်းတွေ လုပ်တာ ကန့်ကွက်တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်၊မတူပီ တပ်မဟာ (၂)၊ အောက်ချင်းတပ်ရင်းက အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းလဲန်းကာကွယ်ရေးတပ်၊ မတူပီ ဖွဲ့စည်းချိန်မှာ နယ်မြေခံတပ်ရင်း၏ ခွင့်ပြုချက်မရှိဘဲ အခြားတပ်ရင်းနယ်မြေမှာ တပ်ချခြင်းနဲ့ စစ်ကြောင်းထိုးခြင်း မပြုလုပ်ဖို့ သဘောတူခဲ့ကြပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုချိန်မှာ ချင်းလဲန်းကာကွယ်ရေးတပ် – မတူပီ (တပ်မဟာ၁)က ရခိုင့်တပ်တော် (AA) အင်အားကို အားကိုးပြီး အောက်ချင်းတပ်ရင်းထိန်းချုပ်နယ်မြေမှာ တပ်ချခြင်း၊ စစ်ကြောင်းထိုးခြင်း ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းတွေမှာ နေရာယူခြင်း ပြည်သူတွေကို အတင်းအဓမ္မစည်းရုံးရေးပြုလုပ်ခြင်းနဲ့ ပြည်သူတွေသွားလာခြင်းကို ပိတ်ပင်တားဆီးတာမျိုး…