
တွန်းဇံမြို့နယ်မှာ ZRA တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးကာ၊CDF-Tonzang ဘက်က ၁ ဦးကျဆုံးကြောင်းထုတ်ပြန်
နိုဝင်ဘာလ ၅ ရက်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ နယ်မြေချဲ့လာပြီး တွန်းဇံမြို့သိမ်းရန်စစ်ရေးပြင်ဆင်နေတဲ့ ဇိုမီးတော်လှန်ရေးတပ်မတော်(ZRA )တပ်ဖွဲ့ဝင်တွေကို အောက်တိုဘာလ ၂၁ ရက်ဝန်းကျင်မှာ ချင်းအမျိုးသားတပ်မတော်(CNA )နှင့် CDF – Tongzang ကပူးပေါင်းပြီး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး ZRA ဘက်က ၁၀ ဦးခန့်ကျဆုံးပြီး CDF – Tongzang ဘက်က တစ်ဦးကျဆုံးခဲ့တယ်လို့ CDF – Tongzang ကဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ZRA-EC ရဲ့ အောက်တိုဘာလ ၂၇ ရက်ထုတ်ပြန်ချက်မှာတော့ အောက်တိုဘာလ ၂၁ ရက်က တွန်းဇံမြို့နယ် မွာလ်ကွေးကျေးရွာမှာ CNA(CC)အဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့လို့ ZRA ဘက်က ၃ ယောက် ကျဆုံး၊၂ ဦး…