
မင်းတပ်မြို့ပေါ်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေများစွာ မီးလောင်တယ်လို့ ဒေသခံတွေဆီကနေ သိရ
နိုဝင်ဘာလ ၉ ရက်။ ချင်းပြည်နယ် မင်းတပ်မြို့ရဲစခန်းရှေ့ ခေါနူးရိပ်သာ အနီးတစ်ဝိုက်က အရပ်သားပြည်သူနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေက ဒီကနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်ကစလို့ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်များစွာမီးလောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မင်းတပ်ဒေသခံတစ်ဦးပြောတာက “အိမ်ခြေတော့ အများကြီးလောင်တယ်လို့ သိရတယ်။ အခုဖြစ်တဲ့နေရာက ခေါနူးရိပ်သာ အနီးတစ်ဝိုက်နဲ့ ဆောက်လုပ်ရေးနားလို့ သိရတယ်။ သပ်သပ်စီမီးရှို့ခံရတာဖြစ်မယ်”လို့ပြောပါတယ်။ ခေါနူးရိပ်သာ အနီးတစ်ဝိုက်ကို မနက်၉ နာရီလောက်ကစလို့ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေက မီးရှို့ခဲ့ပြီး နေ့လည်၁၂ နာရီအထိ မီးခိုးတွေတွေ့နေရဆဲလို့ သိရပြီးဆောက်လုပ်ရေးဝန်း အနောက်ဘက်ခြမ်းနားက အိမ်တွေလည်း မနက် ၁၁ နာရီ ၂၀ မိနစ်လောက်က မီးစလောင်ပြီး မီးခိုးတွေအူတက်နေတယ်လို့ သိရပြီး အိမ်ခြေဘယ်နှလုံးမီးလောင်ပျက်စီးတယ်ဆိုတာတော့ အတိကျမသိရသေးတဲ့အကြောင်း မင်းတပ်ဒေသခံတွေဆီကနေ…