
စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်ဦးဆောင်ပြီး ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဖွဲ့စည်း
နိုဝင်ဘာလ ၁၂ ရက်။ နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ (၁) နာရီခွဲမှာ ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ကောင်စီခန့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန် က ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့ဝင်များအဖြစ်ပါဝင်တဲ့ ချင်းပြည်နယ်မသန်စွမ်းများ၏ အခွင့်အရေးများဆိုင်ရာကော်မတီကို နိုဝင်ဘာလ ၇ ရက်မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ချက်အရသိပါတယ်။ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မသန်စွမ်းသူများ၏ အခွင့်အရေးသည်လွန်စွာမှ အရေးကြီးကြောင်း၊ အရေးကြီးသည့်အတွက် နိုင်ငံတော်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ကော်မတီတစ်ခု ဖွဲ့စည်းသည်နှင့်တစ်ပြိုင်နက် လုပ်ငန်းတာဝန်များ ကပ်ပါလာကြောင်း၊ လုပ်ငန်းတာဝန်များထဲတွင် SOP မူကြမ်းရေးဆွဲခြင်း၊ မသန်စွမ်းသူများ…