
စက်သုံးဆီကန့်သတ်တော့မယ်ဆိုတဲ့ သတင်းတွေကြောင့် ကလေးမြို့နဲ့ခိုင်ကမ်းမြို့မှာစက်သုံးဆီအလုအယက်ဝယ်ကြလို့ စက်သုံးဆီဈေးတက်
နိုဝင်ဘာလ ၂၀ ရက်။ စစ်ကောင်စီက စက်သုံးဆီတွေ ခွဲတမ်းမချပေးတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ ချင်းပြည်နယ် ခိုင်ကမ်းမြို့မှာ ဓာတ်ဆီဈေးတွေ တက်ကုန်တယ်လို့ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးကပြောပါတယ်။ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဒေသခံတစ်ဦးပြောတာက “လူတွေက ကောလဟာလကို အရမ်းယုံချင်ကြလို့၊ ဝယ်လို့ရပါတယ်။ မလိုအပ်ဘဲလျှောက်ဝယ်လို့ ဓာတ်ဆီရောင်းတဲ့သူတွေ တစ်လရောင်းရမယ့် ဓာတ်ဆီတွေ တစ်ရက်၊နှစ်ရက်တွင်း ကုန်သွားတာဘဲ အဖက်တင်သွားတယ်၊ ဈေးတက်သွားတာဘဲ အဖက်တင်တယ်ပေါ့ ဘယ်သူမှ မလိုအပ်ဘဲ မဝယ်ရင် ဘာမှ မဖြစ်ပါဘူး” လို့ပြောပါတယ်။ စစ်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စက်သုံးဆီအရောင်းဆိုင်တွေမှာ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းချပေး လျက်ရှိတဲ့အကြောင်း စစ်ကောင်စီသတင်းဌာန MRTV က ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ကလေးမြို့မှာ လောင်စာဆီများ အလုအယှက်…